Tuesday, March 20, 2012

ဟင်းချက်သင်ခြင်း

ကဗျာရေးချင်တဲ့
ကလေးတယောက်ဟာ
စာအုပ်စင်မှာ
ဖွေမွှရှာတယ်။

တိမ်နီပြာတအုပ်
ကြိုးတုပ်ချိပ်ဆွဲ
ကြဲဖြန့်ပန်းခင်း၊ ငှက်သံညှင်းပြန့်
နှင်းညံ့ညံ့ကျ၊ ဖွဖွမီးခိုးတွေမှာ
အချစ်ကို ရောမွှေပါ။

အချစ်.... အချစ်
ကဗျာကို သစ်စေရန်
ရှစ်ခေါက် ရွတ်ပါ။

ကိုယ်ဟာ ကဗျာဆရာ
ဘယ်မှာ ဘယ်ကြုံ၊ ဘယ်ပုံ ဘယ်သို့
ချို့တဲ့ပါကြောင်း
ငြီးသံကောင်းပါလေ။

ဒါ..
သစ္စာတရား
မေတ္တာတရား၊ ကဗျာဒါး
မဟားဒယား မလုပ်
ကျွန်ုပ်သည် ကဗျာဆရာ
သစ္စါဝါဒီ
ပီသကျန ရောထွေးပါ။

ဟော့သမှာ
ကဗျာတပုဒ်
ချက်လုပ်လို့ ပြီးပါပေါ့
မြည်းကြည့်ပေတော့။

ယောဟန်အောင်
ဖေဖေါ်ဝါရီ ၂၄၊ ၁၉၈၇။

0 comments: