Wednesday, October 12, 2011

အင်းစိန်အကျဉ်းထောင်ရှေ့တွင် အကျဉ်းသားမိသားစုများ စောင့်ဆိုင်း

အင်းစိန်အကျဉ်းထောင် ဗူးဝရှေ့တွင် အကျဉ်းသားမိသားစုများ စောင့်ဆိုင်းနေစဉ်
ဆုံဆည်းရာ၊ အောက်တိုဘာလ ၁၂ ရက် ၂၀၁၁
မြန်မာစံတော်ချိန် ၁၀ နာရီ


အင်းစိန်ထောင်အရှေ့မှာ အကျဉ်းသားတွေ လွှတ်ပေးမယ်ဆိုတဲ့ ယမန်နေ့က ကြေငြာချက် ကြောင့် အကျဉ်းသားမိသားစု ၃၀၀၀ လောက်စောင့်ဆိုင်းနေပါတယ်။ ယခုလွှတ်ပေးမယ့် အကျဉ်းသားများထဲတွင် NLD အဖွဲ့ဝင်များနဲ့ စစ်ထောက်လှမ်းရေးဟောင်းများ အကောက်အခွန်ဌာနမှ ဖမ်းထားသည့် အကျဉ်းသားများလည်း ပါဝင်ပါလိမ့်မယ်။ အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား အမျိုးသား ၂၅၀ နှင့် အမျိုးသမီး ၁၀ ဦးယောက် အကျဉ်းကျခံနေရကြောင်းသိရပါတယ်။

သာယာဝတီ အကျဉ်းထောင်မှ အကျဉ်းသား ၂၀၁ ဦး လွတ်မြောက်လာမည်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၆၃ ယောက်ဦးမှ ၂၉ ဦးလွတ်မြောက်မှာ ဖြစ်တယ်လို့ အကျဉ်းဦးစီးအရာရှိမှ ပြောပါတယ်။ ၂၀၀၇ ခုတင် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေး အရေးအခင်းတွင် ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သူ အရှင် ဂမ္ဘီရ ကလေးအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း သိရပါတယ်။

0 comments: