Wednesday, October 12, 2011

နိုင်ငံရေးအကျဉ်းသားများ စတင်လွှတ်ပေး

မန္တလေး အိုးဘိုထောင်အရှေ့တွင် သတင်းထောက်များ စောင့်ဆိုင်းနေစဉ်

ဆုံဆည်းရာ၊ အောက်တိုဘာလ ၁၂ ရက် ၂၀၁၁
မြန်မာစံတော်ချိန် ၉ နာရီ ၃၀ မိနစ်


ယနေ့နံနက်ပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံတ၀ှမ်း ထောင်အသီးသီးမှာ ရှိတဲ့ အကျဉ်းသားတွေကို အသုတ်လိုက်ခွဲပြီး လွှတ်နေပါတယ်။ မြစ်ကြီးနားထောင်မှ ကိုဇာဂနာနဲ့ အခြားနိုင်ငံရေးအကျဉ်းသားတဦးကို ယနေ့နံနက် ၇ နာရီကျော်လောက်က လွှတ်လိုက်ပါတယ်။ ထို့အပြင် စစ်တွေထောင်မှာ ထောင်ဒဏ် ၁၀၅နှစ် ကျခံနေရတဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်လည်း ပြန်လည် လွတ်မြောက်လာပါတယ်။ ယနေ့ သတင်းကျွတ်လပြည့်နေ့ မြန်မာစံတော်ချိန် ၉ နာရီ ခွဲ အချိန်အထိ နိုင်ငံတ၀ှမ်းရှိ အကျဉ်းထောင် ၆ ထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၅၂ ယောက်လွှတ်မြောက်လာပြီဖြစ်ကြောင်း သိရှိရပါတယ်။

0 comments: