Wednesday, October 12, 2011

ယနေ့ အင်းစိန်ထောင်မှ အကျဉ်းသား ၆၄၂ ဦး လွတ်မည်

ဆုံဆည်းရာ၊ အောက်တိုဘာလ ၁၂ ရက် ၂၀၁၁

မြန်မာစံတော်ချိန် ၁၀ နာရီလောက်စပြီး အင်းစိန်ထောင်က အကျဉ်းသားတွေ အသုတ်လိုက်လွှတ်နေပါတယ်။ အင်းစိန် အကျဉ်းထောင်မှ ယနေ့တွင် အကျဉ်းသား အမျိုးသား ၅၆၄ ဦးနှင့် အမျိုးသမီး ၇၈ ဦး စုစုပေါင်း ၆၄၂ ဦး ကို အသုတ်လိုက်ခွဲ၍ လွှတ်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။ အင်းစိန် အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား အမျိုးသား ၂၅၀ နှင့် အမျိုးသမီး ၁၀ ဦးယောက် အကျဉ်းကျခံနေရကြောင်း သိရပါတယ်။

၂၀၀၅ ခုနှစ်က ၀န်ထမ်းများ လစာနည်းပါးမှုနှင့် ပတ်သက်၍ မဲဆောက်ရှိ ILO အဖွဲ့နှင့် သွားရောက်တွေ့ဆုံခဲ့သူ အမျိုးသမီး မအေးသီခိုင်၊ မအေးချမ်း၊ မယဉ်ကြည်၊ ဒေါ်သန်းသန်းဌေး တို့ အင်းစိန်ထောင်မှ လွတ်မြောက်လာကြောင်း သိရပါတယ်။

မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ် NLD လူငယ် ပါတီဝင် ကိုအောင်မိုးလွင် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာပါတယ်။

0 comments: