Tuesday, October 11, 2011

မနက်ဖြန် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် လွတ်မည် မဟုတ်

ဆုံဆည်းရာ၊ အောက်တိုဘာလ ၁၁ ရက် ၂၀၁၁

အောက်တိုဘာလ ၁၂ ရက် သီတင်းကျွတ်နေ့ ၁၁ နာရီမှာ နိုင်ငံရေးအကျဉ်းသားများ သို့မဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများလို့ ခွဲခြား ဖော်ပြခြင်းမရှိပါဘူး။ အကျဉ်းသားများအားလုံးအနက် ထိုက်သင့်သော ပြစ်ဒဏ်ကို ကျခံပြီး စည်းကမ်းရှိတဲ့ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ အသက်အရွယ် ကြီးရင့်သူ၊ ကျန်းမာရေး မကောင်းသူ၊ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းနေသူ အကျဉ်းသား ၆၃၅၉ ဦးအား နိုင်ငံတော်သမတအမိန့်ဖြင့် လွှတ်ပေးမယ်လို့ MRTV 4 နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနမှ ယနေ့ ၁ နာရီက ကြေညာသွားခဲ့ပါတယ်။

မနက်ဖြန်တွင် လွတ်လာမှာဖြစ်သော နိုင်ငံရေးအကျဉ်းသားများတွင် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်အပါအ၀င် ၈၈မျိုးဆက် ထိပ်ပိုင်း ခေါင်းဆောင်များ ပါဝင်ဦးမှာ မဟုတ်သေးပဲ နောက်တစ်သုတ် လွှတ်မယ့်နေ့ဖြစ်သောယခုလ ၂၉ရက်နေ့ကျမှသာ ပါဝင်လိမ့်မှာဖြစ်ကြောင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှုးက ပြောကြားလိုက်ပါတယ်။

0 comments: