Friday, September 9, 2011

အရှင် ဇဋိလ သို့ ... ပြန်ကြားလျောက်တင်ခြင်း

အရှင် ဇဋိလ ဘုရား တပည့်တော် ဖိုးညို လျောက်တင်ပါသည်။ ယခု တပည့်တော် ဆုံဆည်းရာတွင် တင်ထားသည့် ပို့စ် (ကာလာမသုတ်တော်-နှင့်ဝေဘန်ရေး) ကို ဖ့ဘုတ်မှ ရပါသည်။ တပည့်တော် ရေးသားခြင်းမဟုတ်ပါ။ ရေးသားသူအဖြစ် ဖေ့စ်ဘုတ်တွင် ပါသည့်အတိုင်း by Mahar Manapim ဟုဖေါ်ပြပေးထားပါတယ်ဘုရား။ ဖတ်ကြည့်ရင်း သဘောကျပါသဖြင့် အခြားသူများ ဖတ်မိစေရန် မျှဝေပေးသည့် သဘောမျှသာဖြစ်ပါတယ်ဘုရား။ အရှင်ဘုရားရေးသားထားသည့် ငရဲဆိုတာ ရှိပါတယ်နှင့် အတော့်ကို တူနေကြောင်း (တပုဒ်လုံးတူနေကြောင်း) ကိုလည်း တွေ့ရပါတယ်ဘုရား။ ယခင်က အရှင်ဘုရားရေးသားခဲ့သည့် ငရဲဆိုတာရှိပါတယ် … ကို တွေ့ခဲ့ဖူးသော်လည်း မဖတ်ဖြစ်ခဲ့ပါဘုရား။ ယခုဖေါ်ပြသည့် စာကိုတော့ ဖတ်လိုက်ဖြစ်ပြီး ပြန်လည်ဖေါ်ပြသင့်သည်ထင်၍ ဖေါ်ပြပေးခြင်းဖြစ်ပါတယ်ဘုရား။ မထင်မှတ်ပဲ ယခုလို ဖြစ်နေခြင်းကို သိရသဖြင့် တပည့်တော်အနေဖြင့်လည်း များစွာ စိတ်မကောင်းဖြစ်ရပါတယ်ဘုရား။ မူရင်း ဖေ့စ်ဘုတ် လင့်ကို တပါတည်း ထည့်ပေးလိုက်ပါသည်ဘုရား။ အရှင်ဘုရား ရေးသားမည့်အတွေးပါသည့် ဘာသာရေးစာပေများ အရေးအသားများကိုလည်း စောင့်မျှော် အားပေးဖတ်ရှု့ သွားလိုပါတယ်ဘုရား။

ကြည်ညိုလေးစားစွာဖြင့်

ဖိုးညို (ညိုထက် - လမ်းသစ်ဦး)

http://www.facebook.com/notes/mahar-manapim/ ကာလာမသုတ်တော်-နှင့်ဝေဘန်ရေး/151304508290333

0 comments: