Sunday, September 11, 2011

ယမ်းငွေ့ပြယ်စေသတည်း

ကြည့်လိုက်စမ်း
မြေပြန့်တောတန်း... တောင်တန်းအထိ
ယမ်းငွေ့ရှိတယ်......။

ကြည့်လိုက်စမ်း
လယ်ယာတစ်ငန်း...မြစ်ကမ်းပါးအထိ
ယမ်းငွေ့ရှိတယ်.....။

ကြည့်လိုက်စမ်း
အခါမရွေး...ရွာသေး မြို့ကြီး
ခရီးလမ်းထိ...ယမ်းငွေ့ရှိတယ်.....။

ကြည့်လိုက်စမ်းဟေ့
မြေ့မြေ့ ကျွမ်းလောင်...အာဏာ ဆောင်တတ်
စစ်ဘောင်ခတ်လို့... အရပ်ပြည်သူ
ဒုက္ခပူမိ... ရင် မချိလည်း
ယမ်းငွေ့ထဲမှာ... သက်စွန့်ရှာကြ ... သွေးမြေ ရဲရဲ ကျခဲ့တယ်.....။

ကြည့်လိုက်စမ်းဟေ့
ယမ်းငွေ့ကြားထဲက
ပြည့်ရဲ ဘဝ ကန္တာရ အတိ ၊ ရေမြေ အလှ ကန္တာရ အတိ
မသိ နိုးနား... အာဏာသား နဲ့
နောက်နွား တစ်သိုက်... ယမ်းငွေ့ တိုက်ခဲ့
ပြည်မှာ အဝှမ်း... လှိုက်လှိုက် လွှမ်းခြုံ... ပြောမကုန်ဘူး...။

ကြည့်လိုက်စမ်းပါ... သူသူ ငါငါ
နေရာ ဒေသ၊ ဌာန မရွေး
သတ္တိသွေးနဲ့၊ ဖွေးဖွေး ဒါးလှံ၊ အားမာန် သင်းပင်း
ပြင်၊ တွင်း၊ စည်း၊ ညာ.. စိတ် အသာစီး
တော်လှန်ခြင်း အပြီးဝယ်
ပြည်တွင်း ယမ်းငွေ့ ပြယ်စေသတည်း.....။

အမ် . နော်ဂျာ
၉. ၈. ၂၀၀၁

0 comments: