Sunday, September 11, 2011

မြန်မာပြည်အတွင်းသို့ တရုတ်အာဏာပိုင်များ ဝင်ရောက်ဖမ်းဆီး

၂၀၁၁ စက်တင်ဘာလ (ဂ)ရက်နေ့ နံနက် (ရ) နာရီအချိန်တွင် တရုပ်မြန်မာနယ်စပ်မြို့ဖြစ်သော လွယ်ကျယ်မြို့ မြန်မာနိုင်ငံပိုင်နက် နယ်စပ်ကူး တံခါပေါက်အတွင်း တရုပ်ပြည်သူ့သမတနိုင်ငံမှ၊ တရုပ်ရဲ(၁ဝ)ဦး ရုတ်တရက်ဝင်ရောက်ကာ မြန်မာနိုင်ငံသား (၄)ယောက်အား ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ အနီးဝန်းကျင်မှ ဆိုင်ကယ်များပါ သိမ်းဆည်းသွားကြောင်း သိရှိရပါသည်။

ဖမ်းဆီးရသည့် အကြောင်းရင်းမှာ မြန်မာနိုင်ငံအတွင်း နယ်စပ်ဂိတ်အနီးတွင် မူးယစ်ဆေးဝါးဖြန့်ဖြူးသုံးစွဲသည် ဆိုသော အကြောင်းပြချက်ဖြင့် ၀င်ရောက်ဖမ်းဆီးသည်ဟုသိရှိရပြီး ထိုဂိတ်အနီးရှိ တဲစခန်းများကိုလည်း မီးရှို့ ဖျက်စီးသွားကြောင်း လွယ်ကျယ်ဒေသခံတဦးဧ။် ပြောဆိုချက်အရ သိရှိရပါသည်။

ယခုအချိန်သည် ကေအိုင်အိုအဖွဲ့အစည်းအနေဖြင့် ဦးသိန်းစိန်အစိုးရစစ်တပ်နှင့် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသော်ငြားလည်း ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို စီမံချက်ဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်နေသည့် အချိန်ဖြစ်သည်။ လွယ်ဂျယ်မြို့သည် တရုပ်မြန်မာ အဓိက ကုန်သွယ်မြို့ ဖြစ်ပြီး ဦးသိန်းစိန်အစိုးရ ရုံးစိုက်ရာဒေသလည်းဖြစ်သည်။

0 comments: