Sunday, September 11, 2011

ကချင်ပြည်နုယ်အတွင်း သိန်းစိန်စစ်အစိုးရနှင့် ကေအိုင်အေ တိုက်ပွဲများနေရာအနှံ့ပြားဖြစ်ပွား

ဆုံဆည်းရာ၊ စက်တင်ဘာလ ၁၁ ရက် ၂၀၁၁

ကေအိုင်အေ တပ်ရင်း(၃)နယ်မြေ ဝိုင်းမော်မြို့နှင့် ဝါးရှောင်ရွာ လမ်းဆုံအနီး သိန်းစိန်အစိုးရစစ်တပ်နှင့် ကေအိုင်အေ တပ်မဟာ(၅) လက်အောက်ခံ တပ်ရင်း(၃) ၉ရက် ၊ စက်တင်ဘာလ၊ ၂၀၁၁ နံနက်(၅)နာရီ မှ (၆)နာရီအတွင်း တိုက်ပွဲဖြစ်ပွားကြောင်းသိရှိရသည်။ ထိုတိုက်ပွဲတွင် မြန်မာအစိုးရစစ်သား (၃)ဦး ထိခိုက်ဒဏ်ရာရကြောင်း သိရှိရသည်။

(၉)ရက် စက်တင်ဘာလ ၂၀၁၁ ရက်နေ့တွင် မွန်းလွဲ(၆)နာရီတွင် နမ့်ဆန်ယန်ကျေးရွာအနီး၊ ခါ့လား ၊ ဒွမ်ဘန်ဘွမ်ဒေသတွင် ကေအိုင်အေတပ်မဟာ(၅) လက်အောက်ခံတပ်ရင်း(၁၈) နှင့် ဦးသိန်းစိန်အစိုးရစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်းသိရှိရသည်။ ထို့အပြင် ရှဒန်ပါ၊ ခါ့အူးနှင့် ဂျာအိန်ယန် ဒေသကြားမှ(နမ့်ဆန်ချောင်းနှင့် ဧရာဝတီမြစ်ဆုံရာ) နမ့်ဖားရွာအနီး ညနေ(၅)နာရီ မှ ည(ရ)နာရီ (၁၅) မိနစ်အတွင်း ကေအိုင်အေတပ်မဟာ(၅) စစ်ကြောင်းနှင့် ခလရ (၁၄၁-ဆင်ဘိုတပ်) တို့နှင့် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားကြောင်းသိရှိရသည်။ တိုက်ပွဲအတွင်း သိန်းစိန်အစိုးရစစ်တပ်ဧ။် ထိခိုက်ဒဏ်ရာ သေဆုံးကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

ကေအိုင်အေ တပ်မဟာ(၄) နယ်မြေ မူဆယ်-ကွတ်ခိုင်ဒေသအနီး မုံးရားရွာ အရှေ့ဘက် လွယ်ဂျော်ဘွမ် တွင် စက်တင်ဘာလ ၉-ရက်နံနက် (၉)နာရီတွင် တိုက်ပွဲတစ်ကြိမ်ဖြစ်ပွား၊ မွန်းလွဲ(၁)နာရီတွင် နောက်ထပ် တစ်ကြိမ်၊ မွန်းလွဲ(၃)နာရီမှ မွန်းလွဲ(၅)နာရီအထိ စုစုပေါင်း (၃) ကြိမ်တိုက်ပွဲဖြစ်ကြားကြောင်း သိရသည်။ ခလရ (၁၄၄) နှင့် ကေအိုင်အေတပ်ရင်း(၁၇)၊ကေအိုင်အေ် တပ်ရင်း(၂) တို့ တိုက်ပွဲဖြစ်ကြောင်း သိရသည်။ မိမိကေအိုင်အေမှ ရဲဘော်တဦး ထိခိုက်ဒဏ်ရာရပြီး သိန်းစိန်အစိုးရစစ်တပ်မှ ထိခိုက်ဒဏ်ရာသေဆုံးမှုကို အတိအကျမသိရှိရသေးပါ။

0 comments: