Sunday, August 7, 2011

ပြတိုက်သက်တမ်း ၂၃ နှစ်



ကတ္တရာလမ်းပေါ်မှာ
ရာဇ၀င်ရေးထုံးကို
လူထုသွေးစာလုံးနဲ့ ဖလှယ်ခဲ့ကြ။

လွတ်မြောက်ရေး အတွက်
ဘ၀နဲ့ အသက်ကို လောင်းကစား လုပ်ကြ
ဆယ်စုနှစ်တွေ ကြာရှည်နိုင်သမျှ။

ဖုံးကွယ်ထားသမျှကို
ခွာချနိုင်ခဲ့သလို
နိမ့်ကျခဲ့သမျှ တွန်းလှန်ပြခဲ့ကြ။

အစွယ်အဆိပ်ကြောင့် စိုးမထိတ်
စိတ်မဆင်းရဲဘူး၊ စိတ်ဓာတ်မကျဘူး
စိတ်ပျက်အားငယ်ခြင်းမရှိဘူး
စိတ်လေ တွေဝေမှု အလျင်း ကင်းမဲ့
စိတ်က ရှင်းပ
ဗကသ ရဲဘော်များနဲ့  လူထုကြီးရဲ့ 
အရေးတော်ပုံဆိုတဲ့ မုန်တိုင်း။

ညီညွတ်မှုအတိုင်းမဲ့
ဦးညွှတ်မှု ဒီရေလှိုင်းနဲ့ 
မုန်တိုင်းမှာ ပျော်ပါးကြ
မုန်တိုင်းကို ဂူဏ်ပြုကြ။

မောင်လွမ်းဏီ
၁၉ - ၇ - ၂၀၁၁

(ကိုမင်းကိုနိုင် နှင့် ကိုမွန်းအောင်သို့  ချစ်ခင်လေးစားရင်းစွဲဖြင့်)

2 comments:

CODE9 said...

ဆရာလွမ်းရဲ့ ပြတိုက်သက်တမ်း ၂၃ နှစ် ထဲမှာ တိုက်ပွဲဝင်လက်နက် အပ်တိုတချောင်းတောင်မပိုင်ဆိုင်တဲ့ ပြည်သူတွေက အာဏာရူးသွပ်ဆိုးသွမ်းလူတစုကို ၂၃ နှစ်လုံးလုံးအကျောပေးထားတာတောင် အာဏာရှင်တို့က သွေးပျက်နေဆဲ ကြောက်ရွံ့နေဆဲ ထိတ်လန့်နေဆဲပဲ။

Anonymous said...

ဒီကဗျာကောင်းတယ် ရဲဘော်ကြီးကိုလွမ်းဏီ။ ကျနော်လည်း သွေးမုန်တိုင်း သီချင်းကို ၈၈၈၈ နေ့ အတွက် ဘလော့မှာ တင်ဖို့ စဉ်းစားထားတယ်။