Tuesday, August 16, 2011

နေပြည်တော်တွင် ၀န်ကြီးအချို့အား အစိုးရအဖွဲ့မှ ထုတ်ပယ်

ဆုံဆည်းရာ၊ သြဂုတ်လ ၁၆ ရက် ၂၀၁၁

အစိုးရသစ် လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကိုလည်း ကိုင်တွယ်ရရသည့် ၀န်ကြီး ဦးကျော်ဆန်းအပြင် ၀န်ကြီးတချို့ကို ရာထူးမှ ထုတ်ပယ်လိုက်သည့် အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်နေပါသည်။

ယခင် နအဖ စစ်အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးကျော်ဆန်းသည် သမ္မတ ဦးသိန်းစိန်အစိုးရ အာဏာစတင်ယူပြီး ၄ လကျော်အကြာတွင် နေပြည်တော်၌ သြဂုတ်လ ၁၂ ရက်နေ့က ပြည်ပ သတင်းဌာန ကိုယ်စားလှယ်များနှင့် ပြည်တွင်း စာနယ်ဇင်းသမားများကို ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ၃ ရက်ကြာတွင် ယခုလို ၀န်ကြီးအဖြစ်မှ ထုတ်ပယ်လိုက်သည့် သတင်းများ ထွက်ပေါ်နေသည်။

ထို့အပြင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က စစ်ထောက်ချုပ် ဗိုလ်ချုပ်ဝေလွင်နှင့် စစ်ရေးချုပ် ဗိုလ်ချုပ် ခင်ဇော်ဦးတို့ နှစ်ဦးကို လာဘ်ပေး လာဘ်ယူမှု၊ အာဏာအလွဲသုံးစား မှုများနှင့် စုံစမ်းဆေးလျက်ရှိပြီး လက်ရှိထမ်းဆောင်နေသော ရာထူးတာဝန်များကို ခေတ္တဆိုင်းငံ့ထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။

1 comments:

mimthuya said...

ဟုတ်လိုးလား