Tuesday, August 16, 2011

ငါတို့ဘောလုံးအသင်း

အ၀ါကဒ်တွေလည်းရ အနီကဒ်တွေလည်းရ
မူမမှန်တဲ့ခေါင်းဆောင်တွေနှုတ်ထွက်သွားခဲ့ကြ
ဟိုနားတဘုန်းဘုန်းလဲကြ ဒီနားတ၀ုန်းဝုန်းကွဲကြ
ရဲဘော်တွေတသီတတွဲကြီးဖိတ်စင်ကျဆုံးကြရ
"ဂိုး" လို့ထအော်ချင်နေတဲ့ပရိသတ်ကပွဲကိုအားမရ
လူလဲကစားဖို့ကလည်းမျိုးဆက်သစ်ကခါးချိုးခံထားရ
အမှန်တရားကိုယ်တိုင်ဒိုင်လူကြီးဝင်လုပ်တာတောင်မှ
ဘောလုံးဟာဂိုးဧရိယာစပ်ကိုအခုထိမဖြတ်
သေနတ်ပြကစားတဲ့ရန်ဘက်တွေကလည်းကြမ်းရမ်းညစ်ပတ်
တစ်ယောက်တည်းကစားချင်တဲ့ကိုယ့်ကောင်တွေကလည်းပေကပ်ကပ်
ခေါက်ဆွဲစားချင်တဲ့ကိုယ့်ကောင်တွေကိုလည်းအပစ်ပေးဒါဏ်ခတ်မရ
၁၉၄၇ခုနှစ်ဟာဒီပွဲနဲ့ဒီပြသနာတွေရဲ့အစ
ဒီညနေမှာပဲဒီပွဲကိုကြိုးစားအနိုင်ယူအဆုံးသတ်
ဆရာစံဆန်ဆန်ကစားသမားတွေက
ဓါးအိမ်ကိုကိုင်ပြီးဓါးကိုပြန်လိုက်ရှာကြ
ဂန္ဒီဆန်ဆန်ကစားသမားတွေက
ဓါးနဲ့မတိုက်လည်းစကားနဲ့တိုက်ကြ
ဘယ်လိုကန်ကန်ဂိုးရဖို့သာအဓိက
လူထုကိုအမြန်ဆုံးကယ်တင်ကျေးဇူးဆပ်။ ။

သုအိုင်စံ

1 comments:

Royal Dear said...

ကောင်းမှကောင်း...လေးစားတယ်