Thursday, April 28, 2011

ကဗျာခေါင်းလောင်း

မောင်လွမ်းဏီ

နေရောင်အောက်မှာ
ပျောက်သည့်အလင်း
အမှောင်တွင်းကို
ခွင်းမည့်ဥာဏ်ရောင် လင်းစေသား။

အမှိုက်ပုံဆွေး
လမ်းဘေးအုတ်ပုံ၊ စာသင်ခုံဖြစ်
အရုဏ်နုသစ်၊ ယနေ့ ခေတ်မှာ
ပညာရှာ ပမာသူဖုန်းစား
မဟောင်းနွမ်းတဲ့ ဆုံးမစာ။

သူတောင်းစားလည်း
အားမလျော့နှင့်
ကျောင်းသားဖြစ်ခွင့် ရှိတယ်ဟုတ်။ ။

မောင်လွမ်းဏီ
၂၇ - ၄ - ၂၀၁၁

0 comments: