Thursday, March 10, 2011

ယနေ့ တိုက်ပွဲသတင်း (မတ်လ ၁၀ ရက် ၂၀၁၁ ခုနှစ်)

ဆုံဆည်းရာ၊ မတ်လ ၁၀ ရက် ၂၀၁၁ ခုနှစ်

သတင်း
ည (၇ နာရီ ၇ မိနစ်) ကရင်ပြည်နယ်၊ သေ့ပေါပိုးအနီးက တနဲအုကလိုး နေရာတွင် ယနေ့ နံနက် ၇ နာရီတွင် နအဖ စစ်တပ် ခလရ (၃၄၂) တပ်ရင်းကို ကေအန် ယူ တပ်ရင်း ၁၀၁ မှ ပြောက်ကျားတိုက်ခိုက်ရာ နအဖ စစ်တပ်ဘက်မှ ၂ ဦးသေ ၁ ဦးဒဏ်ရာ ရရှိခဲ့ပြီး ဒီကနေ့ မနက်ပိုင်း ၁၀ နာရီလောက်ကလည်း ဝေါ်လေဒေသ ကနဲလေးနေရာတွင် နအဖ ခလရ ၃၀၄ ၊ ၃၆၂ ခမရ ၃၄၆ စစ်ကြောင်းကို ကေအန်ယူ တပ်ရင်း ၂၀၁ စောင့် ကြိုတိုက်ခိုက်ခဲ့တဲ့အတွက် နအဖ ဘက်မှ ၃ ယောက်သေပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရှိရပါတယ်။ (ကိုးကား - နေ့သစ်)

0 comments: