Monday, March 14, 2011

တိုက်ပွဲသတင်း (မတ်လ ၁၄ ရက် ၂၀၁၁ ခုနှစ်)

ဆုံဆည်းရာ၊ မတ်လ ၁၄ ရက် ၂၀၁၁ ခုနှစ်

သတင်း
ည (၈ နာရီ ၅ မိနစ်) နအဖ စကခ ၂ ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၃ ရင်း ဗျူဟာမှူးတဦး ဦးဆောင်တဲ့ အင်အား ၂၀၀ ကျော် ရှိသည့် နအဖ တပ်များနှင့် သျှမ်းပြည် တပ်မတော် (မြောက်ပိုင်း) တပ်မဟာ (၁) တပ်ရင်းတို့ ယနေ့မနက် ၆ နာရီခွဲတွင်မူ မိုင်းအော့တ်အုပ်စု အရှေ့မြောက်ဘက် ၁၅ မိုင်အကွာမာ့ဟယ်ရွာ နှင့် ဟိုနမ့်ရွာအကြား မိနစ် ၃၀ ကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ နှစ်ဘက်စလုံးသေကြေ ဒဏ်ရာရမှု ရှိခဲ့ကြောင်း သိရပါတယ်။

ည (၈ နာရီ) ယမန်နေ့က သျှမ်းပြည်တပ်မတော် SSPP/SSA တပ်များနှင့် နအဖ စကခ ၂ လက်အောက်ခံ တပ်ရင်း ခလရ ၂၉၁ တပ်တို့ မိုင်းရှူးမြို့အဝင် မိုင်းအောတ်အုပ်စု နောင်ဟျိုးဘုန်းကြီးကျောင်းအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နအဖ တပ်သား ၁ ဦးသေ ၂ ဦး ဒဏ်ရာရရှိကာ သေနတ်တလက် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။

ည (၇ နာရီ ၄၉ မိနစ်) နအဖ ဘက်မှ ရှမ်းပြည်ဘက်တွင် တပ်အင်အားတိုးချဲ့ချထားလိုက်ကြောင်း သိရပါတယ်။ တိုးချဲ့ချထားတဲ့ နအဖ တပ်များကတော့ လားရှိုးအရှေ့ဘက် မိုင် ၃၀ ခန့်အကွာ (သံလွင်မြစ်အနောက်ဘက်ခြမ်းရှိ) မိုင်းယော်အုပ်စု၊ မိုင်းကျက်အုပ်စုမှ တောင်ဖက် ဂွင် တန့်ယန်းမြောက်ဘက် လွယ်မော်နမ့်မူဆယ် ပါဖန် အုပ်စုအထိ နအဖ တပ်ရင်း ၅ ရင်း၊ နမ့်မူဆယ်၊ ပါဖန် အုပ်စုမှ (မိုင်းရှူးမြို့နယ်) တာ့ဝန်းနောင်း သံလွင်ကူးတို့ဆိပ်အထိ တပ်ရင်း ၄ ရင်း၊ သံလွင်မြစ် အရှေ့ခြမ်းမော်ဖှမှ မိုင်းလားထိန်း ချုပ်နယ်မြေ မိုင်းယောင်း၊ မိုင်း ယုအထိ တပ်ရင်း ၇ ရင်း ထပ်မံချထားမည် ဖြစ်ကြောင်း သိရပါတယ်။

0 comments: