Saturday, January 15, 2011

ယနေ့သတင်း (၁၅ ရက် ဇန်န၀ါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၁၅ ရက် ဇန်န၀ါရီလ ၂၀၁၁

သတင်း

ည (၁၀ နာရီ ၂၅ မိနစ်) ယနေ့နံနက်ပိုင်းတွင် ဝေါလေဒေသ အင်ကြင်းမြိုင်တွင် နအဖ စစ်တပ်ကို ဒီကေဘီအေ တပ်များ ခြုံခိုတိုက်ခိုက်ခဲ့ရာ နအဖ စစ်တပ်မှ တပ်စုမှူးတဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုများရှိကြောင်း သိရှိရသည်။

ည (၁၀ နာရီ ၁၅ မိနစ်) ယနေ့နံနက် ၆ နာရီ ၄၀ မိနစ်အချိန်တွင် နအဖ စစ်တပ် စကခ (၁၉) လက်အောက်ခံ တပ်ရင်း ခမရ (၂၉၉)နဲ့ ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့တို့ ဝေါလေဒေသ အူကရီးထ နေရာတွင် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

နံနက် (၁၀ နာရီ ၁၅ မိနစ်) နအဖစစ်တပ်မှ စကခ (၁၂)လက်အောက်ခံ ခလရ(၂၉၉)နှင့် စကခ(၈) လက်အောက်ခံ ခမရ(၄၀၉)၊ (၄၀၃)ပူးပေါင်းတပ်ရင်းတို့သည် အူးကလေ့ထာ့ရှိ ဒီကေဘီအေ တပ်ဖွဲ့ဝင်များ၏ ယာယီစခန်းအား ယမန် နေ့လည် ၁၂ နာရီကျော်မှစ၍ ညနေ ၆နာရီအထိ လက်နက်ကြီးများဖြင့် အချက်ပေါင်း ၂၀၀နီးပါးခန့် ပစ်ခတ်ခဲ့သည်။ ယခုလက်တလောတွင် စစ်ရေးအခြေအနေအရ ဒီကေဘီအေ ဘက်မှ အူးကလော့ထာ့ စခန်းမှ ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရှိရသည်။


နံနက် (၁၀ နာရီ ၅ မိနစ်) မြန်မာဘက်ခြမ်းတိုက်ပွဲဖြစ်ပွားနေသည့် ဒေသမှ မြန်မာစစ်ပြေးဒုက္ခသည် ၂၀၀ နီးပါး ထိုင်းဘက်ကမ်းရှိ ငေါင်ဖိုင်ရွာ၊ ကျောက်ခက်ရွာ၊ ဟွေးနန်းနပ်ရွာ တွေဆီကို ယမန်နေ့က ထပ်မံထွက်ပြေးလာတယ်လို့ သိရှိရပါတယ်။

နံနက် (၁၀ နာရီ ) နအဖစစ်တပ် ဘက်မှ ဖလူးကျေးနယ်ဘက်တွင်လည်း ဗိုလ်မှူးကြီးစောကျော်သက် ဦးဆောင်သည့် ဒီကေဘီအေ တပ်ဖွဲ့အား ယမန်နေ့ မွန်းလွဲ ၁နာရီကျော် အချိန်မှစ၍ ညနေ ၆နာရီအချိန် လက်နက်ကြီးများဖြင့် ပစ်လိုက်ရပ်လိုက် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

0 comments: