Friday, January 14, 2011

ယနေ့သတင်း (၁၄ ရက် ဇန်န၀ါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၁၄ ရက် ဇန်န၀ါရီလ ၂၀၁၁

သတင်း
ညနေ (၃ နာရီ ၅ မိနစ်) ယနေ့လွှဲပိုင်းတွင် မြ၀တီ- သင်္ကန်းညီနောင်ကားလမ်း ဒေါနတောင် အလယ်ဗဟိုအနီးတွင် နအဖ စစ်သားများတင်ဆောင်လာသည့် စစ်ကားအား ချုံခိုတိုက်ခိုက်ခြင်းခံရကြောင်း သိရှိရသည်။ ထိခိုက်ဒဏ်ရာ သေဆုံးမှုများကို စုံစမ်းနေဆဲဖြစ်သည်။

နေ့လည် (၁ နာရီ ၅ မိနစ်)
ယနေ့နံနက်ပိုင်း ၁၀ နာရီကျော်ခန့်တွင် မြ၀တီအခြေစိုက် (၃၅၆)၊ (၃၅၇) တပ်ရင်း အထိုင်စခန်း၊ ဖားတောင်းအနီး မြ၀တီ - သင်္ကန်းညီနောင် ကားလမ်းတွင် နယ်ခြားစောင့်တပ်ကား ဆွဲမိုင်းထိရာ ၁၅ ဦးဒဏ်ရာပြီး နယ်ခြားစောင့်တပ်သားတဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

နံနက် (၁၀ နာရီ ၂၅ မိနစ်)
နယ်ခြားစောင့်တပ် (၁၀၁၃) တပ်ရင်းမှ လှိုင်းဘွဲ့မြို့နယ်မာနယ်ပလောဂွင်ကို နယ်ခြားစောင့်တပ်နှင့် နအဖ စစ်တပ်တို့မှ ပူးတွဲ ထိုးစစ်ဆင်ရန်အတွင် ကတိုင်တိ၊ လေးဖိုးထာ့နှင့် ထီးသဘလုထာ့ ကျေးရွာအုပ်စုမှ ရွာသား ၄၀ ကျော်ကို စစ်လက်နက်ပစ္စည်းများနှင့် ရိက္ခာများ ထမ်းခိုင်းရန် အတင်းအဓမ္မ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

နံနက် (၁၀ နာရီ ၂၀ မိနစ်) နအဖ စစ်တပ်မှ လှိုင်းဘွဲ့ မြို့နယ် မာနယ်ပလောဂွင်သို့ ထိုးစစ်ဆင်ရန် နည်းဗျူဟာ (၂၂၃) လက်အောက်ခံ တပ်ရင်းများဖြစ်သည့် နအဖ စစ်တပ် ခမရ(၂၁၂)၊ ခမရ (၂၁၄)၊ ခမရ (၂၁၆)နှင့် ခမရ (၂၂၀)တပ်ရင်းများနှင့် နယ်ခြားစောင့်တပ် ပူးပေါင်း အင်အား ၅၀၀ ခန့်ဖြင့် ထွက်ခွာသွားကြောင်းသိရှိရသည်။

0 comments: