Saturday, November 27, 2010

ဗိုလ်ခင်ညွန့်ကို ပြန်အသုံးချတာလား (သို့) အင်းစိန်ထောင်သို့ ခေါ်ယူဖမ်းဆီးခံရတာလား

ဆုံဆည်းရာ၊ ၂၇ ရက် နိုဝင်ဘာလ ၂၀၁၀ ခုနှစ်မြန်မာစံတော်ချိန် (၈ နာရီ)

“ခင်ညွန့်ဘာတွေဖြစ်နေပြီလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ Facebook စာမျက်မှာ ဗွီဒီယိုကလစ် ထွက်ပေါ်လာခဲ့ပါတယ်။ ထိုဗွီဒီယိုက စိတ်ဝင်စားစရာကောင်းပြီး ရဲချုပ်ခင်ရီအဖွဲ့လို့ ထင်ရတဲ့ အဖွဲ့တဖွဲ့က ခင်ညွန့်အိမ်ကနေ တနေရာကို ခေါ်ဆောင်သွားတာကို တွေ့ရပါတယ်။ ထောက်လှမ်းရေးဟောင်း ဗိုလ်ခင်ညွန့်ကို သူ့အိမ်ဝန်းကျင်မှာ မတွေ့တာ တလလောက်ရှိပြီလို့ အိမ်နီးနားချင်းများက ပြောဆိုနေကြပါတယ်။ ငြိမ်းချမ်းအရေးအဖွဲ့တွေနဲ့ ဖြစ်ပေါ်နေတဲ့ ပြသနာတွေကြောင့် ဗိုလ်ခင်ညွန့်ကို ပြန်အသုံးချနေပြီလို့ ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။ ဒါအပြင် သူ့ထောက်လှမ်းရေးကွန်ယက်ကို ပြန်လည်ဖွဲ့စည်းခဲ့တာကြောင့် အင်းစိန်ထောင်သို့ ခေါ်ယူဖမ်းဆီးခြင်းခံရတာလို့ ပြောဆိုနေကြတာတွေလည်း ရှိနေပါတယ်။

1 comments:

Unknown said...

အတွင်းသိ

ဒီ VIDEO က ပြည်သူ တွေ အန်တီစု အပေါ်စိတ်ဝင်စား နေတာကို အာရုံပြောင်း အောင် လုပ်တဲ. ဝါဒ ဖြန့် VIDEO ပါ။
ရိုက်ထား တဲ. အချိန် ကာလ က ၂၀၀၈ ခုနှစ် နာဂစ် နဲ. ပြည်သူ့ဆန္ဒခံယူပွဲ အပြီး ကာလ ပါ။
လာရတဲ. အကြောင်း က ရွေးကောက်ပွဲ မှာ ပါဝင် ဖို. ဆွေးနွေးတာ ပါ။
VIDEO အဟောင်းကြီး ပါ။ ပြည်သူ တွေ ဝေဝါး မနေ ပါနဲ. ။ ကိုယ်လုပ်စရာ ရှိတာသာ ဖြစ်အောင် လုပ်ပါ ။
ဒီ သ တင်း ကိုလဲ လက်ဆင့် ကမ်း လိုက် ကြ ပါ ။