Friday, November 26, 2010

ယနေ့ သတင်း (၂၆ ရက် နိုဝင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၂၆ ရက် နိုဝင်ဘာလ ၂၀၁၀

မြ၀တီ
နံနက် (၁၀ နာရီ ၁၄) ယနေ့မနက်ပိုင်း ၁၀ နာရီတွင် ဝေါလေဒေသ၊ ဖလူးကျေးရွာဘက်မှာ နအဖ နဲ့ ဒီကေဘီအေ တပ်များ တိုက်ပွဲဖြစ်ပွားနေပါတယ်။ ယခုအချိန်အထိ တိုက်ပွဲများဖြစ်ပွားနေပြီး နအဖ ဘက်မှ ဘုရားသုံးဆူမြို့နယ် သံဖြူဇရပ်မှ မြ၀တီသို့ ယမန်နေ့က ရောက်ရှိလာသည့် တနင်္သာရီတိုင်းအခြေစိုက် စကခ(၈) လက်အောက်ခံ ခလရ(၆၂)တပ်ရင်း အင်အား ၈၀ ကျော်ခန့်နဲ့ ဒီကေဘီအေ တပ်ဖွဲ့များ ဖြစ်တယ်လို့ သိရှိရပါတယ်။ မိုင်းကွင်းထဲမှာရောက်နေတဲ့ နအဖ တပ်မ ၂၂ လက်အောက်ခံ နည်းဗျူဟာတပ်တွေကို ရိက္ခာသွားရောက်ပို့ဆောင်သည့် နအဖ ခလရ(၆၂)တပ်ရင်းနဲ့ ဒီကေဘီအေ တပ်များ တိုက်ပွဲဖြစ်ပွားတာပါ။

ဟာသ
မြို့တော်ဝင်ဟောင်း အောင်သိန်းလင်းမဲဆွယ်တဲ့အနေနဲ့ ခင်းခဲ့တဲ့လမ်းကို အောင်သိန်းလမ်းလို့ လူသိများနေတဲ့ လမ်းပါ။ ရွေးကောက်ပွဲသာပြီးသွားတယ် လမ်းကမပြီးသေးပါ။ ထာဝရ နှင်းဆီအငြိမ့်မှာ နေတိုးက ယခုလို ပျက်သွားပါတယ်။ “မှန်ရာကို သစ္စာဆိုပါမည်။ လမ်းတွေကို အလွယ်ခင်းပါသည်။ ဒါပေမယ့်လည်း တခု တော့ ပြောချင်သည် တခြမ်းပဲ ခင်း... တော့ သွားရ အလွန်ခက်သည်”း)။ (ဓါတ်ပုံ - Mizzima)




0 comments: