Saturday, November 27, 2010

ယနေ့ သတင်း (၂၇ ရက် နိုဝင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၂၇ ရက် နိုဝင်ဘာလ ၂၀၁၀

သတင်း
ညနေ(၄ နာရီ) ဝေါလေဒေသ၊ ဖလူးကျေးရွာအနီး တဂေါ်ကျိုးမှာ နအဖ တပ်များနဲ့ နယ်ခြားစောင့်များ အင်အား ၁၀၀ နီးပါး ဒီကေဘီအေ တပ်များနဲံ့ တိုက်ပွဲဖြစ်နေကြောင်း သိရှိရပါတယ်။

နံနက်(၈ နာရီ) ထိုင်းနိုင်ငံ ဖတ်ဖရမြို့နယ် မော်လီချိုင်းကျေးရွာနှင့် ကပ်လျှက် မယ့်ကူကေးကျေးရွာသို့ မြန်မာပြည်ဘက်ခြမ်း ဝေါလေဒေသ၊ ဖလူးကျေးရွာမှ ဒုက္ခသည် ၁၀၀၀ ကျော်ခန့် ယမန်နေ့နေ့လည်ပိုင်းက လာရောက် ခိုလှုံနေတယ်လို့ သိရပါတယ်။ ယမန်နေ့က နအဖ စစ်တပ် စကခ(၈) လက်အောက်ခံ ခလရ(၆၂)တပ်ရင်းနဲ့ နယ်ခြားစောင့်တပ်များ အင်အား ၁၀၀ ကျော်နဲ့ ကနဲလေးဘက်သို့ စစ်ကြောင်းထွက်လာသည့်အတွက် ဒီကေဘီအေနဲ့ တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်သောကြောင့် စစ်ပြေးဒုက္ခသည်အဖြစ် ထိုင်းနိုင်ဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံကြောင်း သိရှိရပါတယ်။

ကဗျာ

"စိုးရိမ်စိတ်"

မစုကိုမြင် ငိုချင်ရဲ့
တားမရဘူး
ဗေဒါပြန် အံကိုခဲတဲ့
သူ့ရုပ်သွင် အားရှိလို့ ကြည်နူး၊

ဒို့ဖခင်ဗိုလ်ချုပ်ကိုဖြင့်
ပြလိုက်ချင် လူထုကိုလှ
တစ်သိန်းမကဘူး။

အမေလို့ခေါ်တဲ့အသံ
ဘ၀ဂ်ကိုညံပါလို့
မိုးမချုပ်ချင်ဘူး
မိုးချုပ်ရင် တဖန်ခွဲရမှာမို့
စိတ်မချဘူး...။

စောမေ(မြိတ်)

2 comments:

Sushi for you said...

ကောင်းလိုက်တဲ့ ကဗျာ
ရင်မှာကြည်နူး
ငိုချင်ဘူး

SHALIMAR said...

great!me too,whenever i see her,want to cry!i can't explain how superior she is!Truely our national leader!!