Monday, February 2, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂမ်ဘာရီ ယနေ့တွေ့ဆုံ အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းနှင့် ဂမ်ဘာရီ ဆွေးနွေးနေဆဲ

ခေတ်ပြိုင်၊ ဖေဖော်ဝါရီလ ၂ ရက် ၂၀၀၉
မြန်မာနိုင်ငံရောက်ရှိနေသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့ အစိုးရ ဧည့်ဂေဟာ၌ တွေ့ဆုံဖြစ်ကြောင်း ရန်ကုန် အေပီသတင်းတွင် ဖော်ပြထားသည်။

ဆွေးနွေးသည့်အကြောင်းအရာ အသေးစိတ်ကိုမူ မသိရသေးပေ။ ထို့အတူ အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းနှင့် မစ္စတာ ဂမ်ဘာရီတို့ ယနေ့မနက် (၁၀) နာရီမှစ၍ တွေ့ဆုံနေကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အတည်ပြုပြောဆိုသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းတို့အား မစ္စတာဂမ်ဘာရီက သီးခြားစီ တွေ့ဆုံခဲ့သည် သို့မဟုတ် တပြိုင်တည်းတွေ့ဆုံသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ယခုတခေါက် မစ္စတာဂမ်ဘာရီ၏ ခရီးစဉ်သည် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး၊ ကျဆင်းနေသည့် မြန်မာ့စီးပွားရေးကိစ္စ ဆွေးနွေးရေးအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖတို့ ဆွေးနွေးဖြစ်အောင် တွန်းအားပေးရေး ကိစ္စတို့က အဓိကဖြစ်ကြောင်း အမည်မဖော်လိုသည့် သံတမန်တဦးက မစ္စတာဂမ်ဘာရီ၏ ပြောကြားချက်ကို ကိုးကား ပြောဆိုသည်။

0 comments: