Friday, January 9, 2009

နာဂစ်ကြောင့် စီးပွားကူးသန်းဝန်ကြီးဌာန အခက်တွေ့

ခေတ်ပြိုင်၊ ဇန်န၀ါရီလ ၉ ရက် ၂၀၀၉

နာဂစ်ကြောင့် ပျက်စီးသွားသည့် စီးပွားကူးသန်းဝန်ကြီးဌာန လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး လက်အောက်ရှိ ဂိုဒေါင်များနှင့် သိုလှောင်ရုံများကို မပြင်နိုင်၍ ရောင်းရာ ပုဂ္ဂလိကလည်းမ၀ယ် တခြားဝန်ကြီးဌာနများကလည်း မ၀ယ် ဖြစ်နေသည်။

လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး လက်အောက်ရှိ ပျက်စီးသွားသည့် ဂိုဒေါင်များနှင့် သိုလှောင်ရုံများ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတွင် စုစုပေါင်း (၁၄၁) လုံးရှိသည်။ ပြန်ပြင်ရန် ငွေမရှိသည့်အတွက် ပုဂ္ဂလိကများကို ၀ယ်လိုခြင်းရှိမရှိ ကမ်းလှမ်းသော်လည်း ရာဖြတ်တန်ဖိုး သိန်းထောင်ချီသည့်အတွက် မည်သူမျှ မ၀ယ်ဟု စီးပွားကူးသန်းဝန်ကြီးဌာန အရာရှိတဦးက ပြောသည်။

အဆိုပါ ပျက်စီးသွားသည့် ဂိုဒေါင်များနှင့် သိုလှောင်ရုံများမှာ အရှုံးပေါ်နေသည့် လုပ်ငန်းများဖြစ်သည့်အတွက် အခြားဝန်ကြီးဌာနများအား ၀ယ်လိုခြင်းရှိမရှိ ကမ်းလှမ်းသော်လည်း မည်သည့် ၀န်ကြီးဌာနကမှ မ၀ယ်သည့် အတွက် စီးပွားကူးသန်းဝန်ကြီးဌာန အခက်တွေ့နေသည်ဟု စုံစမ်းသိရသည်။

0 comments: