AP/ AFP/ခေတ်ပြိုင်- ၁၄ မေ ၂၀၀၈
မြန်မာနိုင်ငံအနီး၌ ဒုတိယမြောက် ဆိုင်ကလုန်းမုန်တိုင်းတခု ဖြစ်ပေါ်နေသည်ဟု ကုလသမဂ္ဂက ပြောကြားသည်။
ယင်း မုန်တိုင်းသည် မည်သည့်အချိန်၌ မည်သည့်နေရာတွင် ကျရောက်မည်ဟု မပြောနိုင်သော် လည်း ကျရောက်သည့်အခါ အင်အားကောင်းနိုင်ကြောင်း ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ကယ်ဆယ်ရေး အစီအစဉ် ပြောခွင့်ရသူ မစ္စအမန်ဒါပစ်က ပြောသည်။
ဆိုင်ကလုန်း ဖြစ်ပေါ်လာနိုင်သည့် သတင်းအချက်အလက်ကို ကုလသမဂ္ဂ ကမ္ဘာ့ မိုးလေ၀သ
ဌာန၏ တိုင်ဖုန်းမုန်တိုင်းသတိပေး စင်တာမှ ရရှိခြင်းဖြစ်ပြီး “လာမည့် (၂၄) နာရီအတွင်း အပူပိုင်း မုန်တိုင်းတခု သိသိသာသာ ဖြစ်ပေါ်လာဖို့ အလာအလားတွေ ကောင်းနေပါတယ်” ဟု အမန် ဒါပစ်က သတင်းထောက်များကို ယနေ့ ပြောသည်။
မုန်တိုင်းဗဟိုသည် လက်ရှိ အနေအထားအရ အနောက်မြောက်ဘက်သို့ ဖြည်းဖြည်းချင်း ကူးပြောင်းနေပြီး နာဂစ် တိုက်ခိုက်ခဲ့သည့် မြန်မာနိုင်ငံ ရန်ကုန် မြစ်ဝကျွန်းပေါ်ဒေသသို့ ဖြတ်သန်းဖွယ်ရှိသည်ဟု ကုလသမဂ္ဂက ခန့်မှန်းသည်။
ယခုအခြေအနေသည် အလွန်ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေဖြစ်ပြီး ဆိုင်ကလုန်း မုန်တိုင်း သတိပေးချက် အမှန်အတိုင်းဖြစ်လာပါက မေ (၃) ရက်က တိုက်ခတ်ခဲ့သည့် နာဂစ် မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေသူများ ပို၍ ထိခိုက်အန္တရာယ် ဖြစ်နိုင်သည်ဟု အမန်ဒါပစ်က ပြောသည်။
မေ (၃) ရက်က တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် မြန်မာနိုင်ငံ၌ သေဆုံးသူ ခန့်မှန်းချေ (၁) သိန်းရှိမည်ဟု ကုလသမဂ္ဂက ပြောကြားပြီး စစ်အစိုးရက သေဆုံးသူ ယမန်နေ့အထိ (၃၄,၂၇၃) ဦးရှိပြီဟု သတင်းထုတ်ပြန် ထားသည်။ ။
Wednesday, May 14, 2008
ဆိုင်ကလုန်းမုန်တိုင်း နောက်တလုံး မြန်မာနိုင်ငံအနီး ဖြစ်ပေါ်နေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment