Saturday, April 26, 2008

နအဖ ဖွဲ့စည်းပုံအခြေခံဥပဒေအား ကန့်ကွက်မဲပေးရေး လှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပေါ်

ဆုံဆည်းရာ၊ ဧပြီ ၂၆ ရက် ၂၀၀၈

ယနေ့ မနက် (၈)နာရီမှ စတင်ပြီး တောင်ဒဂုံ မုတ်ဦးနဲ့ ကားမှတ်တိုင်တွေမှာ ကားမှတ်တိုင်က အုတ်ခုံ၊ ထိုင်ခုံတွေမှာ ကျောင်းသားအရွယ်ရှိ လူငယ် တစုမှ x (NO) စာလုံးတွေ ကို အနက်ရောင် စပရေးနဲ့ လိုက်ရေးပြီး ကန့်ကွက်ကြောင်း ပြည်သူတွေ ကို သိသာစွာပြခဲ့တယ်လို့  သိရပါတယ်။

ဆေးနဲ့  အမြန် မှုတ်လိုက် လူပြန်ခွဲလိုက်နဲ့  အချိန်အတော်ကြာအောင်လုပ်နိုင်ခဲ့ကြောင်းနှင့် အာဏာပိုင်တွေရဲ့  အဖမ်းအဆီး ခံရမှု မရှိခဲ့ကြောင်းလည်း သိရပါတယ်။

"ပြည်တွင်းက လူတွေဟာ အခုအချိန်မှာ ဘယ်လိုဆုံးဖြတ်ရမလည်း ဖြစ်နေကြတယ်။ ဒါကြောင့် အခုလို ကြပ်နေတဲ့ကြားက ကျနော်တို့ အတိုက်ခံ ဘက်က လုပ်လို့ရတယ်ဆိုတဲ့အကြောင်းပြလိုက်တာပါ ပြည်သူတွေအနေနဲ့လည်း ရဲ ၀ံ့စွာ ကန့်ကွက်ကြပါလို့ "အခုလို လှုပ်ရှားမူမှာ ဦးဆောင်ပါဝင်သူ ကိုအောင်နိုင် ပြန်ပြောပြပါတယ်၊ လာမယ့် ၂၇ ရက်နေ့ (မနက်ဖြန်)မှာတော့ ရန်ကုန်တမြို့လုံးကို အခုလို ကန်ပိန်းများ ဆက်လက်ပြုလုပ်ဖို့ ရှိကြောင်း သူကပဲ ထမ်မံပြောကြားခဲ့ပါတယ်။

0 comments: