Saturday, April 26, 2008

ဒင်းသိပါစေ

လွယ်အိတ်

အနိုင်ယူလိုသူကို
နိုင်လိုက နိုင်စေ...
သို့ပေမယ့်... ငါ့စိတ်ဓါတ်ကို
ဘယ်ခါမှ သူမရနိုင်...။ ။

မတုန်လှုပ်ပါဟေ့
မော်ကြွားကာ ငါမနေ
အဖေါ်များစွာ
စည်းလုံးကာ နေလေတော့
အဘယ်သို့ မြူဆွယ်
မင်း ချူလယ် တစ်ကောင့်သား
မင်းဘက်ပါမယ် ထင်လား...။ ။

တို့များ မျက်ရည် ဝေငှလို့
မင်းတို့တွေ ရေ၀စေ
တို့များသွေးတွေ မြေကျလို့
မင်းတို့တွေ ချမ်းသာစေ
တို့များ ကုသိုလ်
မနက် နေ့ည ဒါနပြုလည်း
ခုထိ မကျွတ် ၀ဋ် မလွတ်သလို
ငါ့သွေးကိုဖောက်၊
ငါ့အမေ အသက်ကို ဖျောက်
ငါ့အသိုင်းဝိုင်း ဘ၀ကို မေ့မှောက်လိုမှောက်...။ ။

ရက်စက်ကာ ကြမ်းကြုတ်
အမြတ်ထုတ်က တို့ပြည်သူအသက်
ခွေးစားခွက်ထဲ ထည့်လို့ကာ သူတို့စား...။ ။

ပြည်သူ့ ချွေးနည်းစာ
သူတို့တွေ သူဌေးဖြစ်ကာ
အောက်ချေမှာ လွတ်လာလို့
သူသတ်မယ် သူ့သခင်(ပြည်သူ)တွေကို...။ ။

စိတ်လျှော့ကာ ကျေအေးကြောင်း
တောင်းပန်တာ ၁၉နှစ်
သို့မပြေ အမိမြေကို
သူတို့သာ အပိုင်စီးချင်ကြောင်း
ထင်ရှားကာပြလာတော့...။ ။

ဟဲ့ခွေး...
မိုက်ရိုင်းကာ ငါ မပြောချင်ဘု
မင်းတို့တွေ အရှက်ရှိတယ်ဆို
တို့ပြည် တို့မြေမှာ
တို့ကျွေးတာ စားပြီး
ခွေးခြေရာ မနင်းပါနဲ့လား...။ ။

0 comments: