Saturday, April 26, 2008

မြန်မာ့ဒီမိုကရေစီအင်အားစုများအား ဂျပန်ရဲတပ်ဖွဲ့မှ ရက်စက်စွာ နှိမ်နင်းခံရ

ဆုံဆည်းရာ၊ ဧပြီ ၂၆ ရက် ၂၀၀၈

ယနေ့ နံနက်ပိုင်းက ဂျပန်နိုင်ငံ နအဖသံရုံးရှေ့၌ မြန်မာ့ဒီမိုကရေစီအင်အားစုများမှ နအဖ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲအား ကန့်ကွက်ဆန္ဒပြခဲ့ကြသည်၊ ဆန္ဒပြပွဲအား ဂျပန်ရဲတပ်ဖွဲ့မှ အလုံးအရင်းဖြင့် ရိုက်နှက်ဖြိုခွင်းသဖြင့် ဦးမြင့်သိန်း (အန်အယ်ဒီ)၊ မသော်တာမင်းထွန်း (ဒီဘီအေ)၊ ကိုစိုးမင်းအောင် (ဒီဘီအေ)၊ မမြဖြူပြာ (လူ့ဘောင်သစ်)တို့ ဒဏ်ရာပြင်းထန်စွာရရှိကြောင်းကြားသိရသည်၊ ကိုလင်းအောင် (အန်အယ်ဒီ) မှာ ရိုက်နှက်သည့် ရဲများအား ပြန်လည်ခုခံ ထိုးကြိတ်သဖြင့် ဖမ်းဆီးသွားကြောာင်း ဆန္ဒပြနေသော ရဲဘော်များမှ သတင်းပေးပို့လာသည်၊

ယခုအချိန်ထိ ဆက်လက်ဆန္ဒပြ ကြွေးကြော်နေကြပြီး ဆန္ဒပြရဲဘော်များအား ဂျပန်ရဲတပ်ဖွဲ့မှ ၀ိုင်းပတ်ပိတ်ဆို့ထားကြောင်း သင်းပေးပို့လာသည်၊

နောက်ဆက်တွဲသတင်းပေးပို့ချက်မှာ ဆန္ဒပြရဲဘော်များနှင့် ဂျပန်ရဲများ အပြန်အလှန် ထိုးကြိတ်ရိုက်နှက်တိုက်ပွဲဝင်လျက်ရှိသည်၊ မြန်မာမိန်းခလေးငယ်များအား ခြေနှင့်လက်တို့ကို ချုပ်နှောင်၍ ပက်လက်တရွတ်ဆွဲခေါ်ကာ သံရုံးဘေး ပန်းခြံ့ ထိန်းသိန်းထားကြောင်း။ သံရုံးမိုးကောင်းကင့် စစ်ရဟပ်ယာဉ် ၅ စီး မှာ ၀ဲပျံ လျက်ရှိကြောင်း။ မိန်းခလေးများမှာ အ၀တ်အစားများ ဖရိုဖရဲဖြစ်လျက် ဘောင်းဘီကျွတ် စကတ်ကျွတ် ဖြစ်နေကြကြောင်း။ ဂျပန်အာဏာပိုင်များ ယခုကဲ့သို့ နှိမ်နင်းဖြိုခွဲသော်လည်း ဆက်လက် တိုက်ပွဲဝင် သွားကြမည်ဖြစ်ကြောင်း သတင်းပေးပို့လာသည်၊

ထပ်မံပေးပို့လာသော သတင်းများအရ ဂျပန်ရဲတပ်ဖွဲ့ဝင်များအား အင်အားထပ်မံ ဖြည့်တင်းနေပြီး ဆက်လက် အကြမ်းဖက်ဖြိုခွင်းရန် ပြင်ဆင်နေကြောင်း၊ အင်အားစုများမှာ စုစည်းညီဍွတ်စွာ တိုက်ပွဲဝင်နေလျက်ရှိကြောင်း၊ ဖြိုခွင်းသည့်ပုံစံမှာ နအဖနည်းနာနှင့် တူကြောင်း သတင်းပေးပို့လာသည်၊

ရဲများနှင့် အဓိကရုန်းဖြစ်စဉ် မိန်းခလေး (၂) ဦး ထပ်မံ ဒဏ်ရာရရှို ဆေးရုံကားဖြင့် တင်သွားကြောင်း၊ သံရုံးအတွင်း မရမက ၀င်၍ မဲသွားပေးသူ အမျိုးသမီးတဦးအား ပြန်ထွက်လာစဉ် ယခုလို မေးမြန်းကြည့်ရာတွင် "ကျမက ကန့်ကွက်မဲပေးဖို့ မရမက တိုးသွားတာပေါ့၊ ရဲနဲ့ သံရုံးဝန်ထမ်းတွေကလည်း ပိတ်ထားတာပေါ့နော်၊ အထဲရောက်တော့ မဲပေးမှာလားလို့မေးတယ်။ ဟုတ်တယ်လို့ပြောတော့ မဲစာရွက်ပေါ့နော် အမှားအမှန် ခြစ်ပေါ့၊ ခြစ်ပြီးတော့ စာအိပ်တလုံးထဲ ထည့်ပိတ်ပြီး နောက်ခန်းက ပုံးထဲမှာသွားထည့်ရတယ်၊ ကျမမဲခြစ်နေတော့ ဓာတ်ပုံရိုက်ယူတယ်၊ ကန့်ကွက်မဲ ကြက်ခြေခတ်ခြစ်နေတာကိုရိုက်တာပေါ့၊ ပြီးတော့ ထမင်စားသွာားးတဲ့၊ ကျမလှည့်တောင် မကြည့်ဘူး ပြန်ထွက်လာခဲ့တာ၊ ဘာဖြစ်ဖြစ် အခွန်လည်းမဆောင်နိုင်ဘူး၊ ကိုယ်လုပ်နိုင်တဲ့ အပိုင်းကို လုပ်တာပဲ၊ ဂျပန်ရဲတွေက ဒီတခါ အရမ်းမိုက်ရိုင်းတယ်၊ ကျမ သူငယ်ချင်းတချို့ အရိုက်ခံရတယ်၊"ဟု အမျိုးသမီးတဦးမှ ပြောဆိုသည်။

ဆန္ဒပြ ရဲဘော်တဦးကလည်း "သံရုံးအတွင်းဘက်ကနေ သံရုံးဝန်ထမ်းတဦးက အော်ဟစ်ပြီး ဆဲနေတယ်ဗျာ၊ ၀င်လာရဲတဲ့ကောင် ၀င်ခဲ့၊ ရိုက်ထုတ်ပစ်မယ်၊ ဘာညာပေါ့၊ ကျနော်တို့ ရဲဘော်တွေကလည်း ပြန်ဆဲပေါ့ဗျာ၊ ပွဲက မပြီးသေးဘူး၊ ခုသံရုံးဝမှာတော့ ရဲကားတွေ၊ အချုပ်ကားတွေ၊ ဆေးရုံကားတွေနဲ့ ကျနော်တို့တွေကို ၀ိုင်းလည်းဝိုင်း၊ ကာလည်းကာ၊ ရိုက်လည်းရိုက်ပေါ့၊ လောလောဆည်တော့ သံရုံးအတွင်းနဲ့အပြင် ဆဲလိုက်ကြွေးကြော်လိုက်နဲ့ ဆက်ချကြဦးမယ်၊" လို့ ပြောဆိုပါတယ်၊ ၎င်းရဲဘော်ကပဲ ဆက်လက်ပြီး ဟော ခုပဲ သံရုံးမဲလာပေးတဲ့သူတွေကို မောင်းထုတ်ပြီး ပြန်ခိုင်းနေတယ်ဗျ၊ ကျနော်တို့ဆီမှာ ၄နာရီ၄၀ပေါ့နော်၊ ကျနော်တို့ ဆန္ဒပြရဲဘော်တွေကတော့ အခြေအနေစောင့်ကြည့်နေကြတယ်၊ မပြန်ကြသေးဘူး ပွဲကဆက်ရမယ့် အခြေအနေပဲ၊

နောက်ဆုံးပေးပို့သည့်သတင်းပေးပို့ချက်များဖြစ်ပါသည်၊ ယနေ့ ဆန္ဒပြသည့်ဦးရေမျာ ၃၀၀ ကျော်ရှိသည်ဟုလည်း သိရှိရသည်၊

0 comments: