Sunday, March 9, 2008

မြန်မာနိုင်ငံနှင့်ကုလသမဂ္ဂ

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီ ဒီကနေ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟိုကော်မတီဝင် ၅ ဦးတို့ကို စစ်အုပ်စုဧည့်ဂေဟာ စိမ်းလဲ့ကန်သာမှာ သီးခြားစီ ခွဲပြီး တွေ့ဆုံပါတယ်။

စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ပအို့ အမျိုးသားအဖွဲ့ချုပ် ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စု ကြံခိုင်ရေးအသင်းတို့က ကိုယ်စားလှယ်များနဲ့လည်း တွေ့ဆုံပါတယ်။

မစ္စတာဂမ်ဘာရီဟာ သောကြာနေ့မှာ စစ်အုပ်စုပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းနဲ့ တွေ့ဆုံတဲ့အခါမှာ မြန်မာအစိုးရက ဒီမိုကရေစီ လမ်းညွှန်မြေပုံအတိုင်း လူထုဆန္ဒခံယူပွဲ ဆက်ပြီးလုပ်သွားမယ်၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရေးအတွက် ဖွဲ့စည်းပုံသစ်ကို ပြန်ပြင်ဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ဗိုလ်မှူးချုပ် ကျော်ဆန်းက ဆိုပြီး စည်းပုံအခြေခံသစ်ကို မပြင်ဆင်နိုင်တော့ဘူး၊ မိမိတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း လုံလုံလောက်လောက် တွေ့ဆုံခဲ့ပြီးပြီလို့လည်း ပြောဆိုပါတယ်။

“မျှော်လင့်ချက်က လွယ်လွယ်နဲ့ မြန်မြန်ဖြစ်မယ်လို့ မထင်ဘူးခင်ဗျ၊”လို့လည်း
အဲန်အယ်လ်ဒီ က ဦးလွင် ပြောဆိုပါတယ်။

မစ္စတာဂမ်ဘာရီဟာ စစ်အုပ်စုဧည့်ဂေဟာ၌ပင် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။ ဂမ်ဘာရီက ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များကို ဆန္ဒခံယူပွဲကို မေလ မည်သည့်ရက်တွင် ပြုလုပ်မည်လဲ၊ တရက်တည်း လုပ်မလုပ် စသည်တို့ကို မေးမြန်းခဲ့သည်။

1 comments:

nyeinchan said...

တိုတိုနဲ့ လိုရင်းပဲ ပြောရရင် ဘာဖိအားမ ဂရုမစိုက်လို့ အုပ်ချုပ်လာတာ အနှစ်၂၀ ရှိပြီ။ အစိုးရမှာ ဘယ်လောက်ကျပ်တည်းပါတယ်ပြောပြော။ ၉၁/၉၂ ဘာဂျတ်နှစ်တွေထက် အများကြီး ချောင်လည်နေပါသည်။
ဘယ်ဖိအားကိုမှဂရုစိုက်မှာ မဟုတ်ဘူးဆိုတာရှင်းပါတယ်။ နအဖက ပြည်တွင်း ဖြစ်ဖြစ်၊ နိုင်ငံတကာက ဖြစ်ဖြစ် လက်နက်နဲ့ ဖိအားမပေးမချင်း ဘာကိုမှ ဂရုစိုက်သွားမှာ မဟုတ်ဘူး။ နအဖကြောက်တာဒီတစ်နည်းပဲရှိတယ်။ခင်းဗျားတို့တစ်တွေ နိုင်ငံတိုးတတ်စေချင်ရင် ဖြစ်တဲ့ နည်းနဲ့ ဖက်ဆစ်စစ်ဝါဒီတွေကိုဖယ်ရှားရမယ်။ ကိုယ်တိုင်တိုက်ပွဲ ၀င်နိုင်ရင်ဝင် မ၀င်နိုင်ရင် အပြင်ကထောက်ပံ့။ ဒါမှမဟုတ်အထောက်အပံ့ကောင်းရအောင်ရှာ။ လက်နက်နဲ့ မတိုက်မချင်း ဘယ်တော့ မှ ဖက်ဆစ်စစ်ဝါဒီတွေကို ဖယ်ရှားနိုင်ဖို့ နည်းလမ်းမရှိ။ သံတမံရေး ဆိုတာ နွားပလာတာကျွေးသလိုပဲ။ မျက်ကန်းတဆေမကြောက် တိုင်းပြည်ကို အမှောင်ထုထဲမှာ ဒီတိုင်းပဲဆက်လျှောက်နေမယ်။ ငြိမ်းချမ်းတဲ့ နည်းနဲ့ နိုင်ငံရေးအံတုရင် ဘာဖြစ်မလဲ။ သတ်လိုက် ဖြတ်လိုက်၊ ဖမ်းဆီးလိုက်၊ မိသားစုလိုက်၊ဆွေမျိုးလိုက်ဒုက္ခပေးလိုက်၊နောက်ဆုံဘာဖြစ်လဲ။ ပြည်သူတွေပါ ကြာလာတော့ စိတ်ဓါတ်ကျလာတယ်။ ဒီကောင်တွေက ဒါမျိုးတွေကို ရိုးနေပြီ။ ကောင်းကောင်ကိုင်တွယ်နိုင်တဲ့ အတွေ့အကြုံတွေသူတို့မှာ အများကြီးရှိတယ်။ စစ်ရေးနည်းနဲ့ နည်းလမ်းရှာပြီးဖိအာပေးကိုပေးရတော့မယ့်
အခြေအနေကိုရောက်နေပါပြီ။
အားလုံးကိုကျေးဇူးတင်ပါတယ်။