Sunday, February 3, 2008

ငွေသောင်ယံ နဲ့ ငွေလွှာသဲသောင်တို့ ပေါ်က ကြယ်တပွင့်

ရဲဘော်(၈)ဦး အသက်ပေးလှူသွားခဲ့ရတဲ့ (၅၃)ရက်}ကာ အစာငတ်ခံတိုက်ပွဲကြီးရဲ့ အောင်ပွဲရလဒ်အဖြစ်၊ ကိုကိုးကျွန်းနိုင်ငံရေး
အကျဉ်းစခန်း အပြီးအပိုင်ဖျက်သိမ်းပေးလိုက်ရပြီးနောက်။ (၁၉၇၂)ခုနှစ် နှစ်ဆန်းပိုင်းမှာ ကိုလှတင်အောင်လဲ အင်းစိန်နရသိန်ကနေ
တဆင့် အပြင်ပြန်ရောက်လာခဲ့တယ်။ နိုင်ငံရေးလောကမှာ ‘ကျွန်းပြန် ကိုလှတင်အောင်’အဖြစ် အသိအမှတ်ပြု ခံရသူ ဖြစ်လာခဲ့ရပါ
တယ်။

အသက်မွေးဝမ်းကျောင်းအလုပ်အတွက် သင်္ကန်းကျွန်းဘက်မှာ ကြက်ငုံးမွေးပြီး မွေးမြူရေးသမားတဦးအဖြစ် ရပ်တည်လုပ်ကိုင်
နေထိုင်ခဲ့တယ်။

မွေးမြူရေးလုပ်ငန်း လုပ်လို့ ကိုင်လို့ ရနိုင်မယ့်နေရာလေးဖြစ်တဲ့ သင်္ကန်းကျွန်း ဆှခ ရပ်ကွက်ထဲက ခြံမြေနေရာတခုကို
ဘိုကလေးသားချင်းဖြစ်တဲ့ ကိုလှရွှေ နဲ့ အတူ ပူးပေါင်းငှါးရမ်းပြီး။ တယောက်တခြမ်းစီ ဟိုဖက်ဒီဖက် နေထိုင်လာခဲ့တယ်။ နှစ်ယောက်
စလုံးပဲ ကြက်ခြံလေးတွေ ကိုယ်စီတည်ပြီး။

မွေးမြူရေးလုပ်ငန်းလုပ်ကိုင်လာခဲ့ကြတယ်။
ကျွန်းပြန် ကိုလှတင်အောင် ဆိုတဲ့နာမည်ကို ကျနော်စတင်ရင်းနှီးလာခဲ့ရတာကတော့။ အင်းစိန်ထောင်ထဲမှာ ပါ ။
လူချင်း စတင် မသိရခင်ကတည်းက သူ့ နာမည်ကို ကျနော် အရင်ရင်းနှီးခဲ့ရတာပါ ။ နိုင်ငံရေးအကျဉ်းသားတယောက်အဖြစ်
အင်းစိန်ထောင်ထဲ ကျနော် စပြီး ရောက်ရတော့။

ကျနော်တို့ နဲ့ အမှုတွဲ တဆက်တစပ်တည်း တနွယ်ထဲအဖြစ်။ အဖမ်းခံ အဆွဲခံလိုက်ရ
သူပေါင်း (၁၈၂)ဦး ရှိပါတယ်။ ၁၉၈၂ ခုနှစ်ထဲမှာပါ ။ အဲဒီထဲမှာ- ကျွန်းပြန်(၄)ဦး ပါလာပါတယ်။ မြင်းခြံ ဦးဖေတင်။ အကိုကြီးကိုမြစိန်။

ကိုထက်မြက် နဲ့ ကိုလှတင်အောင် တို့ ပါ။ ကိုလှတင်အောင်တို့ ဘိုကလေးသားတွေထဲကတော့။ ကျနော်မှတ်မိသမျှ ပြောရရင်-


(၂)
အကိုကြီးကိုလှရွှေ ။ ကိုလှတင်အောင် နဲ့ ကိုဝင်းကြိုင် တို့ ပါ ။ တာဝန်ကျ ထောင်ဝါဒါ ကို။ လက်သီးနဲ့ ပြန်ထိုးဖို့ လုပ်တယ်ဆိုတဲ့အမှု
နဲ့ ရင်ကွဲတိုက်(၂-တိုက်)ထဲမှာ ကျနော့်တယောက်တည်းပဲ တခန်းသပ်သပ် ခွဲထားစဉ်မှာ။ ကျနော့်မျက်နှာချင်းဆိုင် အခန်းမှာ(၅)ဦး
စုပြီး အတူနေရတာက။ ကိုလှရွှေ ။ ဦးထွန်းအောင်။ ကျွန်းပြန်ဦးဖေတင်။ ကျွန်းပြန်ကိုမြစိန် နဲ့ မြောင်းမြ ဗိုလ်စိုးတင့် တို့ ပါ။

သူတို့ (၅)
ဦးစလုံးဟာ ကိုလှတင်အောင်နဲ့ ရင်းနှီးကျွမ်းဝင်ပတ်သက်ခဲ့ကြဖူးသူတွေချည်း ဆိုတော့။ သူတို့ နှုတ်ဖျားကနေ အကြောင်းအားလျော်
စွာ ‘လှတင်အောင် က လေ-’‘လှတင်အောင်က - ’ဆိုတဲ့ အသံတွေ နေ့ တိုင်းလိုလို }ကားနေရပါတယ်။
ကိုလှတင်အောင်နဲ့ ကျနော် လူချင်း ရင်းနှီးကျွမ်းဝင်လာရတာကတော့။ ကျနော်ကိုယ်တိုင် ထောင်က လွတ်လာတဲ့အခါကျမှ ပါ။

ကျနော် ထောင်ကထွက်လာတော့။ ကျနော့်အရင် နှစ်နှစ်ကျော်ကျော်စောပြီး ထောင်က လွတ်နေပြီးသားဖြစ်တဲ့ အကိုကြီးကိုလှရွှေက
ကျနော့်ကို သူ့ အိမ်မှာ ထမင်းဖိတ်ကျွေးရင်း။ ခြံဝင်းတခုတည်း ဟိုဖက်ခြမ်း သည်ဖက်ခြမ်း ကျောချင်းကပ်ပြီးနေတဲ့ ကိုလှတင်အောင်
ရဲ့ အိမ်ကိုပါ သူက ခေါ်လို့ တဆက်တည်းတနေ့ တည်း ရောက်ဖြစ်သွားခဲ့တာပါ ။ သည့်နောက်တော့ သူနဲ့ ကျနော် တော်တော်ရင်းနှီး
လာခဲ့ရပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ အကိုကြီးကိုလှရွှေ အိမ်ကို ရောက်တိုင်းလိုလို။ ကိုလှတင်အောင်ဖက်လဲ ၀င်ဖြစ်ခဲ့သလို။

ရံဖန်ရံ
ခါ ကိုလှတင်အောင်ရဲ့ အိမ်မှာပဲ စားကျက်ကျလေ့ရှိတဲ့ ကျွန်းပြန်ကြီးဦးလေးဦးဖေတင်ကြောင့် ရောက်ခဲ့ရတာတွေလဲ ရှိပါတယ်။
အကိုကြီးကိုလှတင်အောင်ရဲ့ ဇနီး အမကြီးမကောက်ပို့ (မခင်တင့်)ကလဲ ကျနော်တို့ အပေါ် တော်တော်ပျူပျူငှါငှါ ရင်းရင်းနှီးနှီး
ရှိခဲ့ပါတယ်။ အမကြီးကိုယ်တိုင်ကလဲ အကိုကြီးကိုလှတင်အောင်လို နိုင်ငံရေးသမားတဦးရဲ့ ဇနီးဖြစ်ခဲ့ရရုံမက။ ကိုယ်တိုင် ရေကြည်အိုင်
ထဲ ရောက်ခဲ့ရဖူးသူ ဖြစ်ပါတယ်။


စစ်အစိုရ ရဲ့ စစ်ထောက်လှမ်းရေးရဲ့ နာမည်ဆိုးနဲ့ ကျော်စောခဲ့တဲ့ ရေကြည်အိုင်ငရဲစခန်းအတွင်းမှာ။
သစ္စာဖေါက်ဘခက် တို့ ရဲ့ လက်ချက်နဲ့ အမကြီးကိုယ်တိုင် ရောက်ခဲ့ရ ၀င်ခဲ့ရဖူးတာ ဖြစ်ပါတယ်။
ကျွန်းက ပြန်ရောက်လာပြီးနောက် ကိုလှတင်အောင်က ကြက်ခြံတည်ပြီး မွေးမြူရေးသမားလုပ်နေချိန်မှာ။ အမကြီးမကောက်ပို့ 
က ကိုလှတင်အောင်နဲ့ အတူ တဖက်က ဒိုးတူဘောင်ဘက် မွေးမြူရေးခြံအလုပ်ကို ကူညီဝန်းရံ လုပ်ကိုင်ပေးနေသလို။ တဖက်ကလဲ
‘မြရတနာ’မှာ စပယ်ရှယ်နာ့စ်တယောက်အဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။ ကျနော် သူတို့ အိမ်ကို ကြုံသလို ရံဖန်ရံခါရောက်ဖြစ်နေ
ချိန်မှာ သူတို့ သားကြီး ‘ညို ကြီး’ဟာ အလယ်တန်းကျောင်းသားလေးအရွယ်ပဲ ရှိပါသေးတယ်။

သားအငယ်ဆုံးဖြစ်တဲ့ ‘မောင်ဇင်’
ဆိုတာကတော့။ ဘောင်းဘီတိုလေးနဲ့ ပြေးလွှားဆော့ကစားနေဆဲ တကယ့်ကလေးအရွယ်ပဲ ရှိပါသေးတယ်။

0 comments: