Sunday, February 3, 2008

ဝိညာဉ်အော်သံနှင့်ရင်ခုန်တေးသွား

နန္ဒအိမ်

တည်ငြိမ်မှုတွေပေါ့
အရောင်ချယ်ခံခဲ့ရ
ရယ်မောကြ
ပါးလျလျနှုတ်ခမ်း
အပြုံးနွမ်းနွမ်း
ဘ၀နွမ်းနွမ်းမျာ့း့ ။

ဒီလိုပါ့ 
ဒီခရီးလမ်း
လွတ်မြောက်ရေးလမ်းကြောင်းမှာ
တောက်ပရိုးစင်းတဲ့ဘ၀ကိုစားသုံးကြ။

ရပ်တည်ချက်ကိုရောင်းစားထားသူတို့
တိမ်တွေကိုလွမ်းတဲ့အခါ
အခါခါဟစ် ကြေွးကြ
သင်ခန်းစာအသစ်နဲ့
သမိုင်းကိုမညစ်ပေစေနဲ့။

ရာသီဆုံချက်ထဲ
တဗိုလ်တက် တဗိုလ်ဆင်း
တေးချင်းများစွာသီကျူး
ထာဝရကြည်နူးသွားစေ။

ခင်ဗျားတို့ကို
ဘယ်သူတွေ ကြောက်ရွံ့ဖိုကစေခိုင်ခဲ့ခဲ့
တောက်ပြောင်တဲ့စိတ်ဓါတ်နဲ့
ထိမ်းကြောင်းကြ
ပေးဆပ်ကြ
စွန့်လွှတ်ကြ
ဖူးပွင့်ခွင့်ကြုံမှ
တိမ်တွေ ရောင်စုံမယ်။

ခေတ်ကြီးကိုကဆိုးသွမ်းနေတာ
ဆုံးဖြတ်အဖြေရှာခဲ့
သုံးချောင်းဒေါက်မူနဲ့
ခေတ်အပြောင်းမှာ
သူပုန်ဖြစ်ခွင့်ရခဲ့တာ။

မြင်တယ်
ခမ်းနားလွန်းတဲ့ရပ်တည်ချက်တွေ
ကမ္ဘာမကြေသီချင်းတွေဆိုကြ
ကြယ်ရောင်စုံညမှာ့ ။

ဝမ်းမြောက်ခြင်းကိုယူပါ၊
ကောင်းမြတ်သာယာသော
ဆုတောင်းခြင်းတို့အတွက်
ပန်းတို့နေရောင်တွင်ပွင့်စေ။ ။

0 comments: