ဗသြ
ကျောင်းသားတွေဟာ ဗမာပြည်နိုင်ငံရေးမှာ ရှေ့ဆုံးတန်းကအမြဲပါခဲ့ကြတယ်။ဗမာပြည်ကနိုင်ငံရေးအင်အားစုတိုင်း နိုင်ငံရေး လမ်းစဉ်ချမှတ်ရာ၊ အစီအစဉ်ရေးဆွဲရာတွေမှာ သူတို့ကိုထည့်တွက်လို့မရဘူး။ ဖိနှိပ်တဲ့အုပ်စိုးသူတွေဆိုရင်လည်း ဖိနှိပ်ရေးယန္တရား၊ ဥပမာ-ရဲ၊ ထောက်လှမ်ရေးစတာတွေမှာ ကျောင်းသားလိုင်းဆိုပြီးသီးသန့်ထားရှိရတယ်။
ဒါဖြင့် ကျောင်းသားဆိုတာဘာလဲ၊ လူတန်းစားလား၊ လူ့အလွှာလာ၊ သာမာန်လူအစုအဝေးတခုလား။
သာမန်အားဖြင့်တော့ ကျောင်းသားဆိုတာ လူတန်းစားပေါင်းစုံနောက်ခံရှိတဲ့ ပညာတတ်လူငယ်ထု ဖြစ်တယ်။ သူတို့ဟာ မိဘအပေါ်မှာမှီခိုနေရသူတွေ ဖြစ်တဲ့အလျောက် သူတို့ခေါင်းထဲမှာ မိဘဆီကပါလာတဲ့ လူတန်းစားခံယူချက်၊ အမြင် စတာတွေရှိ တတ်တယ်။ ဒါကြောင့်ကျောင်းသားဆိုတာ လူတန်းစားတရပ်ထဲရဲ့ အစုအဝေးမဟုတ်ဘူး။
မတူတဲ့လူတန်းစားတွေက လာသူတွေ အကန့်အသတ်ရှိတဲ့ကာလတခုအတွင်း သတ်မှတ်ထားတဲ့ အမျိုးအစားသတ်မှတ်ချက်(ပါရာဒိုင်း)တခု၊ ပရ၀ုဏ်တခု အတွင်းမှာ လာစုစည်းမိကြတာသာ ဖြစ်တယ်။ သူတို့ဟာ အသက်အရွယ်အရရော၊ ကျောင်းသားဆိုတဲ့ အနေအထားအရပါ လောကတခွင်က အရာရာကို စူးစမ်းလေ့လာလက်ခံဖို့ ကြိုးစားနေသူတွေဖြစ်တယ်။ ဒါကြောင့်သူတို့ဟာ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်ပြောင်းလဲ နေတာတွေကို အလွယ်တကူ၊ အလျင်အမြန်သိနိုင်၊ တုန့်ပြန်နိုင်ကြတယ်။ လက်ခံဖို့လည်းမခက်ဘူး၊ ငြင်းပယ်ဖို့လည်းမခက်ဘူး၊ ကန့်ကွက်ဖို့လည်း လက်မတွန့်ဘူး၊
ဒါပေမဲ့ ကျောင်းသားတွေဟာ စာသင်ခန်းထဲက အသိပညာလောက်နဲ့တင်းတိမ်နေလို့တော့ မဖြစ်ဘူး။ ကျောင်းသားရေး အတွက်ဖြစ်စေ။ တမျိုးသားလုံးရေးအတွက်ဖြစ်စေ။ ကမ္ဘာ့အရေးအတွက်ဖြစ်စေ၊ လှုပ်ရှားလုပ်ကိုင်မယ်ဆိုရင် ကျောင်းခန်းပြင်ပက စာတွေကိုဖတ်တာ၊ လေ့လာလိုက်စားတာတွေလည်း မုချလုပ်ရမယ်။
နောက် သတိထားစရာအချက်တချက်က သူတို့ဟာမိဘလူတန်းစားမျိုးစုံက လာတာဖြစ်တဲ့အလျောက် လူ့အဖွဲဏ္ဍအစည်း ထဲက လူတန်းစားပေါင်းစုံနဲ့သူတို့နဲ့အဆက်အစပ်ရှိနေတယ်။ သူတို့ဟာအဲဒီလူတန်းစားပေါင်းစုံကို စာနာတတ်သလို သဘာဝ ကျစွာပဲ အဲဒီ လူတန်းစားပေါင်းစုံရဲ့ သြဇာတွေ၊ အယူအဆတွေကလည်း သူတို့ရဲ့ခေါင်းတွေကတဆင့် ကျောင်းသားလှုပ်ရှားမှဲုမှာ ဂယက်ရိုက်တာအမြဲတွေ့ရတယ်။ ဒါဘေကာင့်ကျောင်းသားလှုပ်ရှားမှုတွေထဲမှာ ကွဲတာ၊ မတူတာတွေ မကြာခစတွေ့ရတယ်။ ဒါဟာ ထူးဆန်းတဲ့အရာမဟုတ်ဘူး။ ဒီလိုဖြစ်လာလို့ အံ့သြစရာ၊ စိတ်ပျက်စရာမဟုတ်ဘူး။ ကိုလိုနီခေတ်ကဆိုရင် ကျောင်းသားဆိုတာ၊ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားဆိုတဲ့အထဲမှာ ဗျူရိုကရက် သားသမီးတွေ၊ မြေရှင်နဲ့အင်္ဂလိပ်လက်ဝေခံ သားသမီးတွေ အများကြီးပါရှိတယ်။ အင်္ဂလိပ်အစိုးရက တက္ကသိုလ်ဖွင့်တယ်ဆိုတာကိုက သူတို့ရဲ့ဗျူရိုကရက် ယန္တရားကြီးထဲမှာ သူတို့ တာဝန်ပေးတာကို လုပ်မယ့်ဝန်ထမ်းနဲ့အရာရှိတွေ မွေးဖိုကရည်ရွယ်တာ။ ဒါပေမဲ့လည်း တကယ့်တကယ် အခြေအနေက ရင့်မှည့် လာတော့ ကျောင်းသားတိုက်ပွဲတွေ အမျိုးမျိုးပေါ်လာတာပဲ။ ဒီတိုက်ပွဲတွေထဲမှာ ခုနကမြေရှင့်သားသမီး၊ ဗျူရိုကရက်သားသမီးတွေ ပါလာတာလည်းရှိ။၊ပါမလာတာလည်းရိတယ်။တက္ကသိုလ်အရယ်ရောက်မှတော့ ကိုယ့်ဟာကိုယ်စဉ်းစားတတ်ပြီမဟုတ် လား။
အဲဒီလိုပေါ်လာတဲ့ တိုက်ပွဲတွေဟာ အောင်တာလည်းရှိ၊မအောင်တာလည်းရှိတာပဲ။ တခါတလေမှာ ဒီလိုမြေပေါ် တိုက်ပွဲတခု အောင်တယ်မအောင်ဘူးဆိုတာ တော်တော်ဆုံးဖြတ်ရခက်တယ်။ ဒါပေမဲ့ အဲဒီအောင်တာရော မအောင်တာရောဟာ လွတ်လပ်ရေး တိုက်ပွဲကိုကျတော့ အတူတူအကျိုးပြုတာပဲ။ ဗိုလ်အောင်ကျော်ကျဆုံးရတဲ့ ၁၉၃၆ခုနှစ် အတွင်းဝန်ရုံးဝိုင်းကြတဲ့တိုက်ပွဲနဲက မန္တျလေးက အဲဒီတိုက်ပွဲကိုထောက်ခံတဲ့ အာဇာနည် ၁၇ဦးတိုက်ပွဲတိုကဟာ အောင်တယ်၊ မအောင်ဘူး ပြောရ ခက်ကောင်းခက်မယ်။ ဒါပေမဲ့ အဲဒီအဖြစ်အပျက်နဲ့ အဲဒီစိတ်ဓာတ်ဟာ ဗမာပြည် ပြည်သူတွေရဲက နယ်ချဲကဆန့်ကျင်ရေး၊လွတ်လပ်ရေးရယူရေး စိတ်ဓာတ်ကို မြင့်မားစွာ မြုင့်တင်ပေး လိုက်တယ်။ (၇ှစ်လေးလုံးအရေးတော်ပုံကိုလည်း ဒီလိုကြည့်မြင်သင့်တယ်ထင်တယ် (ဒါက စကားချပ်)။
အခုလိုလူတန်းစားပေါင်းစုံနဲ့ အဆက်အစပ်ရှိနေ။ အသစ်ကိုလက်ခံနိုင်တဲ့လူငယ်တွေဖြစ်နေ၊ စာပေရေချိန်လည်းရှိနေဆိုတော့ သူတို့ဟာ အမျိုးသားတိုက်ပွဲတွေမှာ ဦးဆုံးထွက်ချလာတာကို တွေ့ရလေ့ရှိတယ်။ဒါ့အပြင်သူတို့ဟာ တိုက်ပွဲကို တခြားလူတန်းစား၊ လူ့အလွှာတွေဆီကိုပို့ပေးး၊ ပေါင်းစည်းပေးရာမှာ အခရာကျတဲ့အခန်းကလည်း ပါလှေိ့တယ်။ ဒါကြောင့်လည်း နိုင်ငံ့အရေး၊ အမျိုးသား အရေးကို အလေးထားသူတိုင်းဟာ ကျောင်းသားဆိုတဲ့ အင်အားစုကို တန်ဘိုးထားစည်းရုံးကတယ်။ ဖဆပလခေတ်က ဒီအက်စ်အိုကိုမွေး၊ မဆလခေတ်မှာ လမ်းစဉ်လူငယ်ထောင် ဆိုတာတွေလို ကိုယ်အာဏာရ±ုံ။ အသုံးချ±ုံလုပ်လိုဏ္ဍမရဘူး၊ ရသူတို့ဟာ နိုင်ငံတိုင်းရဲ့ အမျိုးသားရေးလှုပ်ရှားမှုကြီးတွေ၊ လွတ်လပ်ရေးလှုပ်ရှားမှုကြီးတွေမှာ သ ဏ္ဍာန်အမျိုးမျိုးနဲ့ ပါဝင်ခဲ့ကြတယ်ဆိုတာကို လည်း မေ့လို့မဖြစ်ဘူး။
ဒီနေရာမှာ တဆက်တည်းထောက်ပြသင့်တဲ့အချက်တချက်ရှိတယ်။ အဲဒါက နိုင်ငံတခုမှာ ကျောင်းသားတွေဟာ၊ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားတွေဟာ တချိန်မှာနိုင်ငံ့ခေါင်းဆောင်ဖြစ်လာနိုင်တယ်ဆိုတာကို သဘောပေါက်ထားတဲ့ တခြားနိုင်ငံကြီးတွေ ကလည်း နောင်တချိန်မှာသူတို့အတွက် အကျိုး ရှိအောင်
ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ကျောင်းသားခေါင်းဆောင်ဆိုသူတွေကို ‘လူမွေး’လေ့ရှိတယ်ဆိုတာပဲ။ သူတို့ရော၊ပြည်တွင်းကဖိနှိပ်သူအာဏာပိုင်တွေအဖို့ပါ ကျောင်းသားခေါင်းဆောင်တွေကို မြုဆွယ်၊ လူမွေးရာမှာ လက်သုံးအတည့်ဆုံးနည်းနာတခုကတော့ အလုပ်အကိုင်၊ ပညာတော်သင်စတာတွေနဲ့ ဖြားယောင်းတာပါပဲ။ ဒီလုပ် နည်းဟာ ဘယ်တော့မှမပျောက်နိုင်လောက်ဘူး။
ဒါဖြင့်ကျောင်းသားတွေဟာ နိုင်ငံရေးပါတီတွေမှာ ၀င်လုပ်သင့်သလား။ ဘာကြောင့်မလုပ်ရမှာလဲ။ အသက်ဆယ့်ရှစ်နှစ်သူ တယောက်ဟာ မဲပေးခွင့်တောင်ရှိနေမှတော့ ဘာကြောင့် နိုင်ငံရေးပါတီတခုမှာ ၀င်မလုပ်နိုင်ရမှာလဲ။ သူဟာစဉ်းစားဆုံးဖြတ်နိုင်စွမ်း ရှိတဲ့အရွယ်ဖြစ်လို့ မဲပေးခွင့်ပေးထားတာပဲ။ သူကြိုက်တဲ့ပါတီ၊ သူကြိုက်တဲ့နိုင်ငံရေးကို ၀င်လုပ်ခွင့်ရှိရမယ်။ တခုပဲ။ သူ့ပညာရေးကို ထိခိုက်၊ မထိခိုက်ဆိုတာကတော့ သူနဲ့သူ့မိဘရေးရဲ့ အိမ်တွင်းရေးပြဿနာသာဖြစ်တယ်။ အဲဒီအတွက်တော့ မိဘတွေကိုလည်း ပြောရေးဆိုခွင့်ပေးရမယ်။
ကမ္ဘာမှာ ကျောင်းသားလှုပ်ရှားမှုတွေအကြောင်းကို ပြောကြရင် ဗမာပြည်ကကျောင်းသားလှုပ်ရှားမှုတွေဟာ နောက်မကျဘူး။ ရှေ့တန်းရောက်နေတာတွေ့ရမယ်။ ကိုလိုနီစနစ်ဖျက်သိမ်းရေး၊ ဖက်ဆစ်တိုက်ဖျက်ရေး၊ ဖဆပလအစိုးရရဲ့ မမှန်ကန်တဲ့ပြည်တွင်း ရေးနဲ့ ပညာရေးပေါ်လစီများကို ဆန့်ကျင်ရေး၊ မဆလတပါတီစနစ်ဆန့်ကျင်ရေး စသဖြင့် ရာစုနှစ်တရာနီးပါး တိုက်ပွဲစဉ်ကြီးမှာ လက်နက်ကိုင်ခြင်းအပါ တိုက်ပွဲသဏ္ဍာန်မျိုးစုံကို ဆင်နွဲခဲ့ကြတယ်။
အဲဒီတိုက်ပွဲတွေကိုပြန်ကြည့်လိုက်ရင် ကျောင်းသားဆိုတာ တိကျတဲ့ လူတန်းစားလူ့အလွှာတရပ်မဟုတ်တဲ့အတွက် လူမှု အပြောင်းအလဲကြီးတခုဖြစ်ပေါ်လာအောင် သူတို့ချည်းမဆောင်ရွက်နိုင်ဘူး။ ကျောင်းသားတိုက်ပွဲတွေ ဘယ်လောက်ပဲ အားကြီး ပစေ၊ လူထုကြီးနဲ့မပေါင်းစပ်ရင် အကန့်အသတ်တခုမှာ ပြီးသွားတယ်။ ၁၉၆၀စုနှစ်များကုန်ဆုံးကာနီးတုန်းက ပြင်သစ်ပြည်က ကျောင်းသားလှုပ်ရှားမှုတွေကို သတိရသင့်တယ်။ သူတို့ဟာ ကျန်တဲ့လူထုကြီးနဲ့ပေါင်းစည်းနိုင်မှ (ရှစ်လေးလုံးလို) မိုးပြိုမြေသိမ့် တိုက်ပွဲကြီးတွေ ဖော်ထုတ်နိုင်တယ်။
အခုလည်းနအဖ စစ်အုပ်စု လုပ်တော့မယ့် ‘ပြည်သူဏ္ဍဆနခြံယူပွဲ’ နဲ့ပတ်သက်တဲ့ သဘောထားကို ကျောင်းသားမျိုးဆက် ဟောင်း မျိုးဆက်သစ်တွေကတော့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောလို့ကြားနေရပြီ။ ဒါဟာ ကျောင်းသားထုရဲ့ သမိုင်း အမွေကောင်း၊ ဂုဏ်ရောင်ပြောင်ခဲ့တဲ့ အမွေကောင်းကို ဆက်ခံလိုက်တာပဲလို့ဆိုရမယ်။ ကျောင်းသားက ရှေ့ကထွက်လာတာကို ကြိုဆိုကြ၊ အားပေးကြ၊ ၀ိုင်းဝန်းကြ၊ အကြံပေးကြဖို့ရင်း လှုပ်ရှားမှုရေချိန်ကို မြုင့်တင်သွားကြရမှာပဲ။
ဗမာပြည်သမိုင်းမှာ၊ တခြားနိုင်ငံများမှာလိုပဲ တမျိုးသားလုံးနဲ့ဆိုင်တဲ့ အပြောင်းအလဲကြီးတွေမှာ ကျောင်းသားတွေရဲ့ အခန်းဟာ ထင်ရှားကြီးမားစွာပါခဲ့သလို နောင်ဗမာပြည်ရဲ့ အရေးတော်ပုံတိုင်းမှာလည်း ကျောင်းသားတွေဟာ သူတို့ရဲ့ထွန်းပြောင် တဲ့ အစဉ်အလာအတိုင်း ပါနေဦးမှာပဲဆိုတာ ဘာမှသံသယဖြစ်စရာမလိုဘူး။ ဒါဟာ သူတိုကရဲကပင်ကိုယ်လက္ခဏာပြဌာာန်းထားတဲ့ အချက်ဖြစ်တယ်။
ဒီအချက်ကို အာဏာပိုင်ရော၊နိုင်ငံရေးအင်အားစုတွေရော၊ ဗမာပြည်အရေးစိတ်ဝင်စားသူတွေရော မမေ့ကြပါနဲ့။ မမေ့ကြပါနဲ့။
Thursday, January 31, 2008
ကျောင်းသားနဲ့သူ့ပင်ကိုယ်လက္ခဏာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment