ပြည်တွင်းကဗျာဆရာတဦး
နာမည်အရင်းမခေါ်ရင် မထူးကြေး၊
အတုတွေများတဲ့ခေတ်မှာ
ကိုယ့်ကိုယ်ကိုယ်အစစ်ဖြစ်ကြောင်းအာမခံတယ်
ကိုယ်ဖော်တဲ့ဆေးကိုမစားရဲတာ
သမားတုတွေကိစ္စ။
ဘုရားက ဘုရားအလုပ် လုပ်တယ်
လူတွေက ကိုယ့်အလုပ်ကိုယ်မလုပ်ဘူး
ဟေ့ … ငါကတော့
မမှန်ဘူးထင်ရင်ငြင်းဆန်တယ်။
ယုံကြည်သူနဲ့ပူးပေါင်းမယ်
သေတာမှတိကျမယ်ဆိုရင်
မရေရာတဲ့ရှင်သန်မှုကိုရွံတယ်။
မေတ္တာအကြောင်းမပြောဘူး
လုပ်ခဲ့သမျှကိုပဲတာဝန်ယူတယ်
ကိုယ့်ထမင်းကိုယ်စားပြီး
အေးအေးနေသူတွေကြားမှာ
ငါရပ်တည်မနေတာကလွဲလို့။ ။
Thursday, January 31, 2008
အိပ်ပျော်နေသူမဖတ်ရ
Subscribe to:
Post Comments (Atom)
2 comments:
good
ကဗျာလေးကို ခံစားသွားပါတယ် ။
Post a Comment