ခေတ်ပြိုင်- AFP/ ၂၀ ဒီဇင်ဘာ ၂၀၀၇
မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာနှင့်သစ်တင်သွင်းမှု တားဆီးပိတ်ပင်ရေးဥပဒေမူကြမ်းကို အမေရိကန် အထက်လွှတ်တော်က ယမန်နေ့၌ တညီတညွတ်တည်း သဘောတူထောက်ခံ အတည်ပြုလိုက်သည်။
စက်တင်ဘာလဆန္ဒပြသူများကို နအဖစစ်အစိုးရက အကြမ်းဖက်နှိမ်နင်းခဲ့မှုကြောင့် အပြစ်ပေး အရေးယူသည့် အဆိုပါဥပဒေမူကြမ်းကို ယခုလ (၁၁) တွင် အမေရိကန်အောက်လွှတ်တော်က ထောက်ခံမဲပေးခဲ့ပြီးနောက် အထက်လွှတ်တော်က ယခုကဲ့သို့တညီတညွတ်တည်း ထောက်ခံ အတည်ပြုခြင်း ဖြစ်သည်။
ယင်းဥပဒေတွင် မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာနှင့်သစ် တင်သွင်းမှုတားမြစ်ပိတ်ပင်ရေး၊ ဘဏ္ဍာရေးအရပိတ်ဆို့ အရေးယူမှု၊ စစ်အစိုးရခေါင်းဆောင်များ၊ ၎င်းတို့နှင့်ဆက်နွှယ်သူများနှင့် ဆွေမျိုးသားချင်းများကို အမေရိကန်သို့ ၀င်ရောက်ခွင့် ဗီဇာပိတ်ပင်မှုတို့ပါဝင်သည်။
ငြိမ်းချမ်းရေးနှင့် အရပ်သားဒီမိုကရေစီအုပ်ချုပ်ရေးသို့ ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် ကြိုးစား ဆောင်ရွက်မှုတွင် အမေရိကန်နိုင်ငံအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်သွားမည်ဖြစ် ကြောင်း အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌ ဂျိုးဇက်ဘိုက်ဒန်က ပြောသည်။
၎င်းက “ဒီရည်မှန်းချက်တွေအတွက် ကျနော်တို့အနေနဲ့ နိုင်ငံတကာအသိုင်းအ၀န်းနဲ့အတူမမော မပန်းဘဲ လုပ်ကိုင်ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ပြောသည်။
အဆိုပါ ပိတ်ဆို့အရေးယူမှုဥပဒေမူကြမ်းကို လွှတ်တော်နှစ်ရပ်လုံးက သဘောတူညီမှုရရှိပြီးနောက် အမေရိကန်သမ္မတ ဂျော့ရှ်ဒဗလျူဘုရှ်က လက်မှတ်ရေးထိုးအတည်ပြုပေးရမည်ဖြစ်သည်။
မြန်မာစစ်အစိုးရအနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုများကို ဆက်လက်လျစ် လျူ ရှုနေမည်ဆိုပါက မြန်မာနိုင်ငံအား ပိတ်ဆို့အရေးယူမှုများပြုလုပ်မည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတရပ်ကို အမေရိကန်နိုင်ငံက ဦးဆောင်ပြုလုပ်မည်ဖြစ်ကြောင်းလည်း သမ္မတဘုရှ်က ပြီးခဲ့ သည့်သီတင်းပတ်၌ သတိပေးပြောဆိုခဲ့သည်။
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
10 months ago
0 comments:
Post a Comment