ဧရာဝတီ | ဒီဇင်ဘာ ၂၀၊ ၂၀၀၇
စစ်အစိုးရက ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင်များကို ဆက်လက်ဖမ်းဆီးလျှက်ရှိသည်ဟု ၎င်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုထွန်းမြင့်အောင်က ဧရာဝတီကို ပြောဆိုလိုက်သည်။
၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ လတ်တလော အဖမ်းခံရသူများမှာ မခင်မိုးအေး၊ ကိုကျော်စိုး (တော်ကီ)၊ ကိုဇော်မင်း၊ ကိုထွန်းထွန်းဝင်း၊ ကိုမင်းမင်းစိုးနှင့် ကိုမျိုးရန်နောင်သိန်းတို့ ဖြစ်ကြသည်။
မခင်မိုးအေး၊ ကိုကျော်စိုး (တော်ကီ)၊ ကိုဇော်မင်း၊ ကိုထွန်းထွန်းဝင်းနှင့် ကိုမင်းမင်းစိုးတို့သည် ယခုလ ၁၆ ရက်နေ့တွင် အဖမ်းခံကြရပြီး ကိုမျိုးရန်နောင်သိန်းမှာ ၂ ရက် ၃ ရက်စော၍ အဖမ်းခံရကြောင်း သိရသည်။ အဆိုပါ အဖမ်းခံရသူ ၆ ဦးသည် နှစ်ရှည်ထောင်ကျခံခဲ့ဖူးသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ဖြစ်ကြသည်။
၎င်းတို့အားလုံးကို ချိပ်ပိတ်ခံရသည့် မဂ္ဂင်ဘုန်းတော်ကြီးကျောင်းအကြောင်း အချက်အလက် အထောက်အထား စုဆောင်း ကာ ပြည်ပသတင်းဌာနများသို့ ပေးပို့ကြသည့် ကိုအောင်ကြီး၊ ကိုမြတ်စံ၊ ကိုဝင်းမော်တို့နှင့် ဆက်စပ်ကာ ဖမ်းဆီးခြင်းဖြစ် သည်ဟု ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ပြောသည်။
စစ်အစိုးရက ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတိုက်ကို မည်သည့်အကြောင်းပြချက်မှမပေးဘဲ နိုဝင်ဘာ လကုန်ပိုင်းတွင် ချိပ်ပိတ်ခဲ့သည်။
“နအဖ အနေနဲ့လည်း နားလည်သဘောပေါက်ထားသင့်တာက ဖမ်းတယ်၊ ဆီးတယ်၊ ထောင်တွေထဲကို ထည့်တယ် … ငြိမ်းချမ်းစွာဆန္ဒပြတာတွေကို ရိုက်သတ်တယ် … ဒီနည်းတွေကို တောက်လျှောက်သုံးလာခဲ့တာ ပြဿနာတွေ ပြေလည် မသွားဘဲ ပိုမိုကြီးမားလာတယ်။ စစ်ဗိုလ်ချုပ်တွေကို ပြောချင်တာက ဒီလိုနည်းတွေနဲ့ မရခဲ့ဘူးဆိုတာ သမိုင်းကသက်သေ ပြခဲ့ပြီ။ အဲဒီတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ဖို့ အတွက်ဆိုတာ တန်းတူရည်တူ တွေ့ဆုံဆွေးနွေးရေးက လွဲလို့ တခြားနည်းလမ်းမရှိဘူး” ဟု ကိုထွန်းမြင့်အောင်က ပြောသည်။
စစ်အစိုးရကဖမ်းဆီးနှိပ်ကွပ်မှုများကို မည်သို့ပင်ပြုလုပ်နေသော်ငြားလည်း မြန်မာနိုင်ငံ ငြိမ်းချမ်းစွာဖြင့် အသွင်ကူးပြောင်း နိုင်ရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများ၏ ကျိုးစားမှုများသည် နောက်ဆုတ်သွားမည် မဟုတ်ကြောင်းလည်း ကိုထွန်းမြင့်အောင်က ပြောသည်။
အင်းစိန်ထောင်၊ အမျိုးသမီးဆောင်တွင် အကျဉ်းကျနေသည့် ၈၈ မျိုးဆက်ကျောင်းသူ မလေးလေးမွန်အား ယမန်နေ့က ထောင်ဝင်စာပိတ်ခံရသည်ဟု ၈၈ မျိုးဆက်အဖွဲ့က ပြောသည်။
ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုမြအေး အစရှိသော ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့၏ ခေါင်းဆောင်များကိုလည်း အင်းစိန် သီးသန့်ထောင်မှ ထောင်မကြီးသို့ ပြောင်းရွှေ့ကာ ရာဇ၀တ်အကျဉ်းသားတဦးစီနှင့် တွဲကာထားလျက်ရှိသည်။
အသက် ၂၀ သာရှိသေးသည့် ဗကသများအဖွဲ့ချုပ်မှ ကိုဒီငြိမ်းလင်းကိုလည်း ရာဇ၀တ် အကျဉ်းသားတဦးနှင့် အတူထား သောကြောင့် ၎င်း၏မိဘများက စိုးရိမ်လျက်ရှိသည်ဟုလည်း ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ပြောသည်။
လွန်ခဲ့သည့် စက်တင်ဘာလ သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင် တော်လှန်ရေးတွင် စစ်အစိုးရကြောင့် သေဆုံးသူ ၂၀ ကျော်ရှိပြီး ၇၀ ကျော် ပျောက်ဆုံးလျှက်ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (အေအေပီပီ) က စာရင်းပြုစုထားသည်။ စစ်အစိုးရက လူဦးရေ ၆၀၀ ကျော်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထား ကြောင်း အဆိုပါစာရင်း၌ ဖော်ပြထားသည်။
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
10 months ago
0 comments:
Post a Comment