Friday, October 12, 2007

ရွှေဝါရောင် ဥဒါန်း

သစ်ကောင်းအိမ်


သာသနာတော်တောင် သွေးစွန်းခဲ့ရ
ဟောဒီကာလ ဟက်တက်ကြီးထဲ
အလွန်းကိုလည်း တကျွန်းပို့ထားရပေါ့
မောင့် ဂူစတီနာ

မီးသဂြိုဟ်စက်တလုံးလို
ကိုယ့်ကိုယ်ကိုလောင်ကျွမ်းကြ
ပက်ပက်စက်စက်လောင်ကျွမ်းကြ

ဒါ … နှင်းဆီရောင် အလှတရားလား
စုန်းမအိုရဲ့ မြည်တွန်တောက်တီးသံတွေလား
ဒါမှမဟုတ် သွေးနံ့ရတဲ့ပင်လယ်လား

ငါတို့ ရေနန်းယာဉ်သာသင်္ဘောကို မမျှော်နဲ့
ငါတို့ ကောင်းဘွိုင်ကြီး ဂျွန်ဝိန်းကို မမျှော်နဲ့

ဝါးလုံးဆွေးကိုအလံထောင်လို့
မိစာက ဟားတိုက်ရယ်နေရဲ့

ငါတို့ဖိနပ်သာ ငါတို့သေနတ်ဖြစ်တယ်

သွေးကြွေးဆိုတော့
ဆွေးနွေးဖို့မရှိတော့ပါ … ။

သစ်ကောင်းအိမ်
(၁၁၊၁၀၊၂၀၀၇)

0 comments: