Friday, October 12, 2007

သင်နေရစ်လည်း ငါဆက်မယ်

ညီနိုင်

ဒိုင်း ….. အား…
သွေးရွှဲရွှဲလမ်းမပေါ်လိမ့်ဆင်းသွား
အလံကိုင်တဦးရဲ့ဖြစ်အင်။

စစ်ခွေးတစ်ကောင်လုံး
မျက်လုံးကိုစုံနှိုက်ထုတ်
အူတွေတစစီဆွဲနှုတ်ခွင့် ရခဲ့ရင်တောင်
ဒေါသတွေကြေမှာမဟုတ်တော့ဘူး
ထိုး…..ထိုး…..ထိုး
အဲဒီအကုသိုလ်ကောင်ရဲ့မျက်နှာကို
သင်…..
လက်သီးပေါင်းကြယ်တွေတမျှထိုးတော့.။

အပုပ်ချကြ
အတင်းအဖျင်းပြောကြ…..
သန်းတုတ်တဲ့မိန်မတွေလို…..
ကောင်းကင်ဟာမီးခွက်မှုတ်ပြီပဲ
ဒယ်အိုးကြီးကမြိန်မြိန်ကြီးပြုံးလို့။

ရင်ဝတည့်တည့်ကိုပစ်လိုက်တာ
တယောက်
နှစ်ယောက်
သုံးယောက်
လေးယောက်
ငါးယောက်
ခြောက်ယောက်
ခွန်နှစ်ယောက်
………………..
………………….
နောက်ထပ်အယောက်ပေါင်းများစွာ။ ။
ညီနိုင်

0 comments: