မဇ္ဈိမသတင်းဌာန/အောက်တိုဘာ ၂၅ ရက်၊ ၂ဝဝ၇ ခုနှစ်
ထိုင်းနိုင်ငံရှိ မြန်မာ အတိုက်အခံ ရုံးများကို ထိုင်းလုံခြုံရေး တပ်ဖွဲ့များက စီမံချက် တရပ်အနေဖြင့် လိုက်လံ ရှာဖွေမည်ဟု ခိုင်လုံသော သတင်း ရပ်ကွက်များ အရ သိရသည်။
သီတင်းပတ် နှစ်ပတ်အတွင်း လိပ်စာနှင့်တကွ ရရှိထားသော ရုံးများကို ဝင်ရောက် ရှာဖွေမှာ ဖြစ်ကြောင်းနှင့် “နိုင်ငံအဝှမ်း” တွင် လုပ်ဆောင်မည် ဖြစ်ကြောင်း ပြောသည်။
အောက်တိုဘာ လကုန်ပိုင်းနှင့် စက်တင်ဘာလက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော သံဃာနှင့် လူထုဆန္ဒပြမှုများ ဖြစ်အောင် ထိုင်းအခြေစိုက် မြန်မာ့ ဒီမိုကရေစီ လိုလားသူများက လုပ်ဆောင်သည်ဆိုကာ မြန်မာအစိုးရက ထိုင်းအာဏာပိုင်များသို့ ကန့်ကွက် တိုင်ကြားခဲ့ရာမှ ရှာဖွေ စစ်ဆေးမှုလုပ်ရန် ပြင်ဆင်လာခြင်း ဖြစ်ကြောင်း ပြောကြသည်။
ထိုကဲ့သို့ သတင်းထွက်နေချိန်တွင် မြန်မာစစ်အစိုးရက ဆန္ဒပြမှုများကို ဦးဆောင်သော သံဃာတော်များသည် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဖောက်ခွဲရေးနှင့် နိုင်ငံရေး သင်တန်းများ တက်ခဲ့သည်ဟု စွပ်စွဲ ပြောဆိုလိုက်သည်။
သာသနာရေး ဝန်ကြီး ဗိုလ်မှုးချုပ် သူရမြင့်မောင်က နိုင်ငံတော် သံဃာ့ မဟာနာယက ဆရာတော်ကြီးများအား လျှောက်ထားရာတွင် “သံဃာတု သံဃာယောင်များက” ဆူပူဆန္ဒပြမှု ဖြစ်အောင် ဖန်တီးခဲ့ပြီး “ဦးဆောင် သံဃာ ၁၅ ပါးစလုံးမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သွားရောက်ခဲ့ဖူးသူများ ဖြစ်ပြီး အချို့မှာ အဲဒီမှာ ဖွင့်လှစ်တဲ့ ဆူပူရေးနှင့် ဖောက်ခွဲရေး သင်တန်းများ” တက်ရောက်ပြီးသူများ ဖြစ်သည်ဟု ပြောဆိုထားသည်ကို ယနေ့ထုတ် စစ်အစိုးရ အာဘော် မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။
နအဖစစ်အစိုးရက အတိုက်အခံ အဖွဲ့အစည်း တော်တော်များများကို ဖောက်ခွဲရေး လုပ်သည်ဟု စွပ်စွဲလေ့ ရှိသည်။
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
10 months ago
0 comments:
Post a Comment