Thursday, October 25, 2007

ဘာဖြစ်လို့မိုးရွာလျှင်လွမ်းစိတ်တွေဖြစ်ရတာလဲ

TTm


ဘာဖြစ်လို့ မိုးရွာလျှင် ကိုယ်ချစ်တဲ့ သူကို ကိုယ် သံယောဇဉ် ရှိတဲ့ သူတွေကို သတိရ နေရတာလဲ တခါတလေ လွမ်းနေသလိုလို။
ဟိုတုန်းက ကောင်ကင်ရယ် မြေပြင်ရယ် ရေပြင်ရယ်ဟာ အချစ်ဆုံး သူငယ်ချင်းတွေဖြစ်ကြတယ်။ သုံးဦးလုံးဟာ အနီးကပ်နေကြတယ်။ ကမ္ဘာကြီးဟာ အပင်တွေနဲ့
ငါးတွေ ကို ထုပ်လုပ်လာခဲ့တယ်။ မြေပြင်နဲ့ ရေပြင်ဟာ အပင်နဲ့ ငါးတွေကို ဂရုတစိုက် ကြည့်ရှူနေရတယ်။ ကောင်ကင်ကို ဂရုမစိုက်အားတော့။ ကောင်ကင်က စိတ်အားငယ်လာပြီး တဖြေးဖြေးနဲ့ ခွါထွက်တယ် ခွါရင်း ခွါရင်း တဖြေးဖြေးနဲ့ ဝေးဝေးသွားတယ်။ တနေ့မှာ ငှက်တစ်ကောင်ပျံသန်းနေတာကိုမြင်မှ မြေပြင်နဲ့ ရေပြင်ဟာ ကောင်ကင်သူတို့နဲ့ ဝေးရာကို ထွက်သွားပြီးဆိုတာကို သိရတော့တယ်။ မြေပြင်နဲ့ ရေပြင်ဟာ ကောင်ကင်ကို အော်ခေါ်ပေမယ့် ကောင်ကင်ဟာ ဘယ်လိုမှ မကြားတော့ဘူး။ ငှက်ကလေးဟာ ကူညီတဲ့အနေနဲ့ ကောင်ကင်ကိုသွားပြောဖို့ အမြင့်ကြီးကိုပြန်တက်သွားတယ်။


တက်ရင်းတက်ရင်း အမြင့်ကြီးကို ရောက်သွားတယ် ငှက်ကလေး အော်ခေါ်ပေမယ့် ငှက်ကလေး အသံဟာ တိုးလွန်းသွားလို့ ကောင်ကင်ဟာ ဘယ်လိုမှမကြားဘူး။ ဒါပေမယ့်ငှက်ကလေးဟာ မြေပြင်နဲ့ ရေပြင်ကို ကတိ ပေးလိုက်တယ် ဒီအချိန်ကစပြီး ငှက်တိုင်း ကောင်းကင်ပေါ်အမြင့်ဆုံး ပျံတက်ပြီး သတင်းပို့ပေးမယ်။ မြေပြင်နဲ့ ရေပြင်ဟာ သူငယ်ချင်း ခွါထွက်သွားတဲ့အတွက် စိတ်မကောင်းဖြစ်ပြီး လွမ်းနေတော့တယ်။ ရေပြင်ဟာ လှိုင်းလုံးကြီး ဖြစ်အောင်ကြိုးစားပေမယ့် မြေပြင်ဟာ ကိုယ်ကိုအမြင့်ဆုံး ဖြစ်အောင် ကြိုးစားပေမယ့် ကောင်ကင်ထိ မမြင့်နိုင်တော့ဘူး။ ဒီအကြောင်းတွေကို စောင့်ကြည့်နေတဲ့နေမင်းက “ငါနင်တို့ကို ကူညီ နိုင်တယ်” လို့ မြေပြင်နဲ့ ရေပြင်ကို ပြောတယ်။ နေမင်းဟာ မြေပြင်နဲ့ ရေပြင်ကိုကူညီဖို့ အလင်းရောင်တွေ မြေပြင်နဲ့ ရေပြင်ပေါ်ထိုးခြလာခဲ့တယ် အဲဒီမှာပဲရေငွေ့တွေဖြစ်ပြီး မိုးတိမ်တွေ ဖြစ်သွားတယ် မိုးတိမ်ဟာ အမြင့်ပေါ်ကိုလိပ်တက်ရင် ကောင်ကင်ကို သွားပြောပေးတယ် မြေပြင်နဲ့ ရေပြင်မှာထားတဲ့အတိုင်းပြောပြီး မြေပြင်နဲ့ ရေပြင်ဟာ တော်တော်သတိရနေတယ်။ ကောင်ကင်ကို အောက်ဆင်းစေချင်ပြီး အရင်ကလို အနီးကပ်နေစေချင်တယ်။ အကြောင်းစုံသိရတဲ့ ကောင်ကင်ဟာ စိတ်မကောင်းဖြစ်သွားတယ်။ ဒါပေမယ့် အောက်ကို ဘယ်လိုမှပြန်ဆင်းလို့မရတော့ဘူး။
“ငါပြန်ဆင်းလို့ မရတော့ဘူး ငါဒီမှာ ကြီးထွားလာပြီး ပြီးတော့ တော်တော်လေးမြင့်နေပြီး ဆင်းလို့မရတော့ဘူး
ငါ့ခန္ဓာကိုယ်ကို ကြီးထွားအောင်ဖြန့်ထုပ်လိုက်ပြီး ငါလုပ်လို့ရတာက အပေါ်ကနေ ကြည့်ဆင်းလာဖို့ပဲ ပြီးတော့ မြေပြင်နဲ့ ရေပြင်ကိုနွေးထွေးစွာ ဒီကနေ ဖက်ထားဖို့ပဲရမယ် မိုးတိမ် သတင်းပို့ပေမယ့် ငါလည်းမြေပြင်နဲ့ ရေပြင်ကို သတိရ နေတယ် ပြီးတော့ နှစ်ယောက်လုံးကို ပြောချင်တာက ငါလည်း နှစ်ယောက်စလုံးကို ဘယ်လောက်ထိ သတိရနေတယ်ဆိုတာကိုပဲ” ကောင်းကင်ကပြောတယ်။ မိုးတိမ်က “ဒီအပေါ်မှာနေရတာ ပြင်းတာပဲ အောက်ကိုပြန်ဆင်းချင်တယ်” ကောင်ကင်က “ငါလည်းပြင်းတာပဲ ငါဆင်းလို့မရဘူး နင်တို့ ဆင်းလို့ရတာပဲ ဒါကြောင့်နင်တို့ကိုငါ အောက်ဆင်းခိုင်းပြီး ငါသတိရတာတွေကို နင်တို့အုပ်စုသွားပြောပေးပေါ့” ကောင်ကင်ကပြောတယ်။ နောက်တော့ မိုးတိမ်တွေဟာ အားလုံးစုကြပြီး ကောင်ကင်ရဲ့ သတိရကြောင်းကိုပြောပြဖို့ ဆင်းလာကြတယ် အဲဒီမှာပဲ မိုးရေတွေ ဖြစ်သွားတယ်။ ကောင်းကင်ရဲ့ သတိရ ကြောင်းတွေကို မြေပြင်နဲ့ ရေပြင်ကို ပြောပြလိုက်တယ်။ ဒါကြောင့် မထူးဆန်းဘူး မိုးရွာတဲ့အခါ ကိုယ်ချစ်တဲ့သူကို သတိရတယ် လွမ်းတယ် ကိုယ်သံယောဇဉ်ရှိတဲ့သူကို သတိရတယ်လွမ်းတယ်ဆိုတာ တခါတလေ ကောင်ကင်က လွမ်းစရာတွေပါ ဖို့ချလာခဲ့သေးတယ်။
TTm

0 comments: