Sunday, September 30, 2007

ကမ္ဘာမကြေဘူး



ကမ္ဘာမကြေဘူး … ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့ မော်ကွန်းတွေ

တော်လှန်ရေး … ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော

သြော် … သူရဲကောင်းတို့ရေ

အာဇာနည်တွေ နေတဲ့တိုင်းပြည် …

ကမ္ဘာမကြေဘူး … ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့ မော်ကွန်းတွေ

တော်လှန်ရေး … ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော

သြော် … သူရဲကောင်းတို့ရေ

အာဇာနည်တွေနေတဲ့တိုင်းပြည် … ရဲရဲတောက် ဒို့ပြည်သူတွေ

ကိုယ်တော်မှိုင်း … ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ

သခင်အောင်ဆန်း … နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ

သြော် … လုပ်ရက်ကြပေ

ပေတရာပေါ်မှာ ပြည်သူ့အလောင်းတွေ … အတုံးအရုန်း လဲပြိုကာနေ

ကိုယ်တော်မှိုင်း … ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ

သခင်အောင်ဆန်း … နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ

သြော် … လုပ်ရက်ကြပေ

ပေတရာပေါ်မှာ ပြည်သူ့အလောင်းတွေ… အတုံးအရုန်း လဲပြိုကာနေ

ညီအကိုတော်တို့ … ပေတရာပေါ်မှာ စီးတဲ့သွေးတွေမခြောက်သေးဘူး

မတွေဝေနဲ့ … ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော

သြော် … သူရဲကောင်းတို့လို

ခိုင်မာပီပြင် တော်လှန်ပြစ်မလေ …. အမျိုးချစ်တဲ့ ဒို့ဇာနည်တွေ (ဒို့ ပြည်သူတွေ)

ဆုံဆည်းရာ


1 comments:

Unknown said...

This is my favorite song. I sang this song in 88 and i wished not to sing next time because it made me sad. Yesterday i wish to this song again & i forgot some of the words. U make my wish come rue. But i have to sing this song with my great grief.
Never forgive them up to end of the world.