Thursday, September 6, 2007

လှိုင်းဆက်မြင့်သစ်

ရိုးဆက်

ပြိုးပြက်လက်လျက်၊ လျှပ်ပျက်ပြီ
မိုးစက်မှသည် ချောင်းငယ်ဆီသို့
ထိုမှတဖန် မြစ်ပြင်၊ ပင်လယ်
အ၀ှမ်းသို့ …။

ပျော်ဝင်စီးဆင်း၊ မြည်ဟည်းတုန်ခါ
ကောင်းကင်တုန်လှုပ်၊ တမံတုတ်လည်း
ပြိုပျက်လျှံအံ၊ တားဆီးမှန်သမျှ …။

လှိုင်းဆက်ဆင့်ကမ်း၊ မြေတ၀ှမ်းလုံး
တိုက်စားဖြိုဖျက်၊ ကမ်းနားမရှိ
ရိုက်ချိုးထွက်မည် …။

မိုးစက်ပြေးပျောက်၊ ရောင်နီရောက်ပြီ
အရှေ့ဆီမှ …။

ရိုးဆက်

0 comments: