Thursday, September 6, 2007

ပခုက္ကူသံဃာထု၏ ဆောင်ရွက်ချက်နှင့်ပတ်သက်သည့် ကျောင်းသားတပ်မတော် ဒုဥက္ကဌ ရဲဘော်မျိုးဝင်း၏ ထုတ်ဖေါ်တင်ပြချက်

Summary
စက်တင်ဘာလ ၅ ရက်နှင့် ယနေ့ ၆ ရက်များတွင်
ပခုက္ကူမြို့ လှုပ်ရှားအုံကြွနေတဲ့ လူထုကြီးနှင့် ရဟန်းသံဃာတော်များ၏ လူထုတိုက်ပွဲ အရှိန်မြင့်၍ တိုက်ပွဲဝင်နေမှုနှင့်ပတ်သက်၍ မကဒတ ကျောင်းသားတပ်မတော် ဒုဥက္ကဌ ရဲဘော်မျိုးဝင်းမှ ယခုလို ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ် ---

ကျနော်တို့တတွေမျှော်လင့်ထားတဲ့ ရဟန်းသံဃာတော်တွေအပါအ၀င် လူထုတိုက်ပွဲရဲ့ အခြေခံလှုပ်ရှားတွေပါ။ ရဟန်းသံဃာတော်တွေ၊ ကျောင်းသားလူငယ်တွေ၊ အလုပ်သမား၊ လယ်သမားစတဲ့ လူထုကြီးတရပ်လုံးဟာ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုင်တိုက်ပွဲဝင် တော့မယ်ဆိုတဲ့အသိတွေ နိုးကြားလာတဲ့သဘောပါပဲ။ လူထုတိုက်ပွဲတွေဟာ ဘယ်တော့မှ အရှိန်ရပ်တန့်မသွားပါဘူး။ မြင့်တက်လာတာပဲရှိပါတယ်။

0 comments: