Thursday, September 6, 2007

ပခုက္ကူက လူထုတိုက်ပွဲ

ဆုံဆည်းရာ

ယနေ့နံနက် ၁၀း၃၀ နာရီခန့်က ပခုက္ကူ မဟာဝိသုတာရာကျောင်းတိုက်မှ စာသင်သား ၇၀၀ သည် ယမန်နေ့ကဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်နှင့်ပတ်သက်၍ တောင်းပန်ရန် ကား ၆ စီးဖြင့် လာရောက်သူ ခယကဥက္ကဌအပါအ၀င် အာဏာပိုင်များအား ကျောင်းတံခါးပိတ်ကာ ကျောင်းအပေါ်ထပ်၌ ဖမ်းဆီးထားလိုက်ပြီး

၎င်းတို့စီးလာသည့် ကား ၆ စီးမှ ၄ စီးအား ကျောင်းတိုက်အပြင် လမ်းမပေါ်ထုတ်၍ မီးရှို့လိုက်ရာ ပခုက္ကူလူထု ၂၀၀၀ လောက်မှ လက်ခုက်လက်ဝါးတီးကာ အားပေးခဲ့ကြသည်။
အတည်မပြုနိုင်သေးသော သတင်းအရ ယမန်နေ့က ဖမ်းဆီးထားသော သံဃာနှင့် လူပုဂ္ဂိုလ်များကို ပြန်လွှတ်ပေးမှသာ ကျောင်းတိုက်အတွင်း ရောက်ရှိနေသူများကို ပြန်လည် ထွက်ခွင့် ပြုမည်ဟု သံဃာတော်များက တောင်းဆိုထားသည်။

ဆုံဆည်းရာ

0 comments: