ကျွန်မတိုရဲ.နိုင်ငံတွင်း လက်ရှိကာလအတွင်းမှာ ဖြစ်ပျက်နေတာတွေနဲ့ ပက်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်အဖွဲ့ ဝင်တွေရဲ့  လှုပ်ရှားမှုတွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့  လှုပ်ရှားမှုတွေ၊ ရဟန်းသံဃာတွေရဲ့  လှုပ်ရှားမှုတွေ တွေဟာ ဒီနေ့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ ဘ၀ကိုကိုယ်စားပြုတယ်ဆိုတာကို န.အ.ဖ စစ်ခေါင်းဆောင်တွေလည်းသိသလို၊ ပြည်သူလူထုကြီုးလည်းသိတယ်ဆိုတာ ကျွန်မတို့အနေနဲ့ အထူးပြောစရာ မလို တဲ့  ကိစ္စတစ်ခုပါ။
ကိုယ့်ရဲ့ ရပိုင်ခွင့်အခွင့်အရေးနဲ့ပက်သက်ပြီး ဆန္ဒဖော်ထုတ်မှုတွေမှာ ဘယ်သူတွေက စည်းကမ်းမဲ့ပြီး ဘယ်သူ တွေက စည်းကမ်းရှိတာလဲ၊ ဘယ်သူတွေကအမှားဖက်ပြီး ဘယ်သူတွေက တရားမပျက်တာလဲ ၊ဘယ်သူတွေက အလုံးစုံပျက်စီးရေးကိုဦးတည်ပြီး ဘယ်သူတွေက ငြိမ်းချမ်းရေးကို မျှော်လင့်နေတာလဲဆိုတာ ပြည်သူလူထုရဲ. ရင်ထဲမှာ သိရှိပြီးသားဖြစ်မယ်ဆိုတာကို ကျွန်မပြောချင်ပါတယ်။ Human Right Declaration အပိုဒ် 21 အရ အုပ်ချုပ်မှုအာဏာရဲ့ အဓိပ္ပါယ်ကို …. ပြည်သူလူထုရဲ့ ဆန္ဒဟာ အစိုးရအာဏာရဲ့ အခြေခံသဘောတရားဖြစ်တယ် လို့ ဖွင့်ဆိုထားတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုရဲ. ဆန္ဒနဲ.့ဘ၀ကို လစ်လျှူရှုတဲ့အစိုးရဟာ အဓမ္မ အုပ်စိုးတဲ့အစိုးရ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး အာဏာကိုကိုးကွယ်တဲ့ အစိုးရ ပဲဖြစ်လာမှာ ဖြစ်ပါတယ်။ မိမိရဲ.အတိုက်အခံအင်အားစုတွေကို ထစ်ကနဲရှိဖမ်းဆီးမယ်၊ ငြိမ်းချမ်းစွာ တောင်းဆိုမှုတွေကိုဖြစ်စေ၊
ဆန္ဒဖော်ထုတ်မှုတွေကိုပဲဖြစ်စေ ထစ်ကနဲရှိ အကြမ်းဖက် ဖြိုခွင်းမယ်ဆိုတဲ့ ဘယ်တော့မှ မပြောင်းလဲတဲ့ နအဖရဲ့ မူနဲ့၊ နအဖရဲ့ လမ်းပြမြေပုံဟာ ဘယ်အထိခရီးပေါက်တယ်ဆိုတာ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးစဉ်းစားဖို့  အချိန်တန်ပြီလို. ကျွန်မအနေနဲ့ ပြောချင်ပါတယ်။
စုစုနွေး
၁၅၊ စက်တင်ဘာ၊ ၂၀၀၇
Rest of your post
Saturday, September 15, 2007
မစုစုနွေးမှ မြန်မာပြည်သူများသို.တိုက်တွန်းချက်
Posted by
ဖိုးညို
at
10:52 PM
Labels: သမိုင်းရက်စွဲများ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment