Saturday, September 15, 2007

မြန်မာပြည် ဒီမိုကရေစီဖော်ဆောင်ရေးကိစ္စအား တရုတ်အစိုးရမှ တိုက်တွန်းပြောကြားချက်နှင့် ပတ်သက်၍ ဒေါက်တာလှကျော်ဇော၏ အမြင်

14 - 9 2007

“တရုတ်အစိုးရက အခု တဖြည်းဖြည်း တိုက်တွန်းလာတဲ့ ရည်ရွယ်ချက်တော့ ရှိတယ်၊ ဒီလိုဖြစ်တယ်။ တရုတ်က ဒီ ၂၀၀၈ ခုနှစ် သူတို့ဆီမှာကျင်းပမယ့် အိုလံပစ်ပွဲကို ကောင်းကောင်းမွန်မွန် ခမ်းခမ်းနားနား ကျင်းပချင်တာကိုး၊ အဲဒါ အောင်အောင်မြင်မြင် ကျင်းပချင်တော့ အိမ်နီးနားချင်းတွေထဲမှာ အပိုမီးကွက်တွေမရှိအောင် သူက နည်းနည်း တိုက်တွန်းချင်တဲ့သဘောထား ရှိပါတယ်၊ အဲဒီအတွက် တွန်းတာပါ၊ တွန်းတာက သူတို့ စိတ်ကြိုက် ဆိုရင်တော့ လိုက်နာမယ်။ စိတ်မကြိုက်ဘူးဆိုရင်တော့ ဒီ နအဖကပြောဖို့ကိုတော့ တော်တော် ခက်ပါတယ်၊ သူတို့ တရုတ်ပြည်ကို လာတဲ့ရည်ရွယ်ချက်တွေမှာ ခါတိုင်းလည်းသူက ဒီလိုပါပဲ။ ပြည်တွင်းကို ပြချင်လို့ သူက - ငါ့မှာ အားကိုးအားထားရှိတယ်ဆိုတာ ပြချင်လို့လာတာပါ၊ တကယ့်တကယ် တရုတ်ပြောတိုင်းလည်း သူတို့ လိုက်လုပ်တာတော့ မဟုတ်ပါဘူး၊”

“တခြားကတော့ တရုတ်ပြည်က သူ့အပေါ်မှာ အထင်အမြင် တစ်ခုခုဖြစ်မှာ စိုးတော့လည်း သူက ပြေးလွှားပြီး လာပြောပြတာတွေလည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ၊ နောက်သူတို့ ရှေ့မှာဘာလုပ်ထားပါတယ်။ ညာလုပ်ထား ပါတယ်။ ဥပမာ - အမျိုးသားညီလာခံနဲ့ပတ်သက်လို့ ပြီးပါပြီ၊ အဲဒီဟာကို ဘယ်လိုလုပ်မယ်လို့ အဲဒီဟာတွေလည်း လာပြောပြတာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်၊”

“ကျမ အမြင်ကတော့နော်။ ကျမ တစ်ဦးချင်းအမြင်ကတော့ နအဖ အနေနဲ့က တရုတ်အစိုးရကို အားကိုး အားထား ရှိတာတော့ မှန်ပါတယ်၊ ဒါပေမယ့် နအဖကို ပြုပြင်ပြောင်းလဲဖို့ဆိုရင် တရုတ်ကဘယ်လောက်ပြောပြော ဂရုစိုက်ချင်မှစိုက်မှာပါ၊ သူ အဓိက ပြည်တွင်းက လူထုရဲ့အသံပဲ၊ လူထုရဲ့အင်အားကိုပဲ သူ ကြောက်မှာပါ၊ တရုတ်ပြောတာလည်း သူက လုပ်ချင်မှလုပ်မှာပါ၊ သိပ်ပြီး အကျိုးရှိမယ်လို့ သိပ်မမြင်ပါဘူး၊ တရုတ်က ပြောနေတာ တိုးတိုးတစ်မျိုး ပြောနေတာကြာပါပြီ၊ အခုမှ ပြောနေတာမဟုတ်ပါဘူး၊ တောက်လျှောက် ပြောနေတာပဲ၊ တရုတ်တွေကိုယ်တိုင်ကလည်း မြင်နေရတာကိုး၊ ဥပမာ - အာဆီယံ အစည်းအဝေးတွေ ဘာတွေမှာ လာတယ်ဆိုရင်လည်း ဒီ မြန်မာအရာရှိတွေ ဘာတွေရဲ့ ပြောဟန်ဆိုပေါက်တွေကြည့်ကြည့်ပြီး သူတို့ တော်တော်စိတ်ပျက်နေတာ ကြာပါပြီ၊ ပြောလည်း ပြောနေတာပါပဲ။ ဒါပေမယ့် ပြုပြင်ပြောင်းလဲမှုကျတော့ မလွယ်ပါဘူး၊ သူတို့ နအဖ အနေနဲ့ ပြုပြင်ပြောင်းလဲဖို့က တော်တော်ခက်ပါတယ်၊”


Rest of your post

0 comments: