15 - 9 - 2007
“အခု ပခုက္ကူမှာ သံဃာကို စော်ကားခြင်းနဲ့ ပတ်သက်ပြီးတော့ သံဃာ့တပ်ပေါင်းစု ကနေပြီးတော့ ပတ္တနိက္ကုဇ္ဇန ကံဆောင်ဖို့ (၁၇) ရက်နေ့ နောက်ဆုံးထားပြီးတော့ ဒီစစ်အစိုးရအနေနဲ့ ၀န်ချတောင်းပန်ခြင်း မပြုရင်။ သံဃာတွေရဲ့ တောင်းဆိုမှုကို မလိုက်လျောဘူးဆိုရင် သပိတ်မှောက်ကံ ပတ္တနိက္ကုဇ္ဇနကံကို ဆောင်ဖို့ ဆုံးဖြတ်ထားကြတယ်ပေါ့၊ ဒီဟာနဲ့ ပက်သက်ပြီးတော့ ကျနော်တို့ ပတ္တနိက္ကုဇ္ဇနကံပေါ့။ ဒီပတ္တနိက္ကုဇ္ဖန ကံဆောင်ခြင်းဟာ ကျနော်တို့ ဗုဒ အဇာတသတ် မင်းလက်ထက်တုန်းက တခါရယ်။ အင်းဝခေတ်က ခုံတော် မောင်ကျဘန်းကို ရဟန်းတွေ အရေးယူခဲ့တဲ့ ကံဆောင်မှုရယ်။ ကိုလိုနီခေတ်က မြို့ပိုင်တယောက်ရယ်။ ပြီးတော့ ကျနော်တို့ နောက်ဆုံး (၁၉၉၀) တုန်းက န၀တစစ်အစိုးရကို ကျင့်သုံးခဲ့တဲ့ သံဃာ့သပိတ်မှောက် ကံဆောင်မှုတွေ ကျနော်တို့ သာသနာရဲ့ သမိုင်း တောက်လျှောက်စလုံးမှာ ဒီလေးခုပဲ ရှိခဲ့ဖူးပါတယ်၊ အခုတကြိမ်နဲ့ ဆိုလို့ရှိရင် ဒါဟာ ဒီစစ်အစိုးရ သက်တမ်းအတွင်းမှာကို နှစ်ကြိမ်မြောက် သံဃာတွေကနေပြီးတော့ စစ်အစိုးရကို သပိတ်မှောက်ကံ ဆောင်ခြင်းဖြစ်တယ်လို့ ကျနော်တို့ သိရတယ်၊ အဲဒီတော့ (၁၉၉၀) တုန်းကဆိုလို့ရှိရင် ဒီ မန္တလေးမှာ ကိုယ်ရင်တပါးအတွက် ဆုံးရှုံးခဲ့ရပြီးတော့ လမ်းမအလယ်မှာ သံဃာတွေကို စစ်သားတွေက ရိုက်နှက်ခဲ့တဲ့ကိစ္စ ဖြစ်တယ်၊ သံဃာတွေကို ညှင်းပန်းနှိပ်စက်ခြင်းနဲ့။ ဒီသာသနာကို စော်ကားခြင်း နဲ့ပတ်သက်ပြီးတော့ မန္တလေး ဈေးချိုဈေးရဲ့ သံဃာတော် အားလုံးကနေ စုစည်းပြီးတော့ ဒီကံဆောင်ရေး ဒီအစိုးရနဲ့ မဆက်ဆံရေးပေါ့ သပိတ်မှောက်ကံကို ဆောင်ခဲ့ကြတယ်၊ ရန်ကုန်မှာလဲ ဒီ ခြောက်ထပ်ကြီး ဘုရားမှာ သံဃာ (၁၀၀၀) ကျော် စုဝေးပြီးတော့ ကံဆောင်ခဲ့ကြပါတယ်၊ ဒီ ပတ္တနိက္ကုဇ္ဇနကံဟာ သံဃာတွေ စုဝေး ဆုံးဖြတ်တာဖြစ်ရင် ကြားရာအရပ်က သံဃာတွေက လိုက်ပါကံဆောင်ကြပါတယ်၊ ဒါဟာ ကျနော်တို့ ဗုဒ္ဓမြတ်စွာဘုရား။မြတ်စွာဘုရား ပညတ်တော်အရ သံဃာနဲ့ သာသနာကို ကာကွယ်ရဲတဲ့ ပညတ်တော်ပါ၊ အဲဒီကျတော့ (၁၇) ရက်နေ့ နောက်ဆုံးထားပြီးတော့ စစ်အစိုးရ အနေနဲ့ သံဃာတွေရဲ့ တောင်းဆိုမှုတွေကို လိုက်ရော စေချင်တယ်၊ မလိုက်လျောဘူး ဆိုလို့ရှိရင် ကျနော်တို့ (၈၈) မျိုးဆက် ကျောင်းသားများနဲ့ အတူ ယနေ့ လက်ရှိတက်ရောက်နေတဲ့ တက္ကသိုလ်ဒီဂရီ ကောလိပ် (၁၃၀) ကျော်မှ ကျောင်းသားတွေရော ပြည်သူတရပ်လုံးကရော သံဃာတော်တွေနဲ့အတူ သံဃာတော်တွေကို ကာကွယ်ပြီးတော့ ဒီ သပိတ်မှောက် ကံဆောင်မှုကို ကျနော်တို့ ကာကွယ်မှာ ဖြစ်ပါတယ်၊
(၁၉၉၀) က ဖြစ်ပျက်ခဲ့တဲ့ သံဃာတွေရဲ့ သပိတ်မှောက် ကံဆောင်ပွဲတုန်းက ဆိုရင် စစ်အစိုးရဟာ ထိတ်လန့်တုန်လှုပ်ခဲ့ပြီး။ သံဃာထုကို နည်းမျိုးစုံနဲ့ သပ်ရှို သွေးခွဲခဲ့တယ်၊ အဲဒီတုန်းက ဆိုလို့ရှိရင် သံဃာ့ သမဂ္ဂီ ရဟန်းပျို အစရှိတဲ့ သံဃာ့အဖွဲ့အစည်းတွေ အားလုံးစုဝေးပြီးတော့ ပါဝင်ခဲ့ကြတယ်၊ အဲဒါနဲ့အတူပဲ ဒီ မဂ္ဂင် ဆရာတော်တို့လို။ ရွာမ ဆရာတော်တို့လို။ တိပိဋကဆရာတော် ဦးသုမင်္ဂလတို့လို ဆရာတော် ကြီးတွေက ပါဝင်ခဲ့ကြပါတယ်၊ အဲဒီတော့ ဒီတုန်းက ဒီ ပတ္တနိက္ကုဇ္ဇနကံကို သံဃာတွေ ဆောင်ပြီ ဆိုတဲ့ အချိန်မှာ စစ်အစိုးရဟာ အရမ်းကိုတုန်လှုပ်ခဲ့ပါတယ်၊ တုန်လှုပ်ပြီးတော့ အဲဒီအချိန်က ဗိုလ်ချုပ်ကြီးစောမောင် ပေါ့၊ သူကိုယ်တိုင်ကနေပြီးတော့ သြဇာတိက္ကမ ကြီးမားတဲ့ ဆရာတော်ကြီးတွေကို ၀တ္တုပစ္စည်းတွေ လိုက်လိုက်ကပ်၊ တချိန်တည်းမှာပဲ မန္တလေးမှာ ဆိုလို့ရှိရင် ဘုရားကြီးတိုက်တို့။ မစိုးရိမ် တိုက်တို့မှာ ရဟန်းပျိုသံဃာတွေကို တပြိုင်နက်ထဲ ဖမ်ဆီးပြီးတော့ ထောက်လှမ်းရေး စစ်ကြောရေးစခန်းတွေမှာ လူဝတ်လှဲတယ်၊ ပြီးတော့ ထောင်ချတယ်၊ နောက်ဆုံး ရဲဘက် စခန်းတွေထိကို ပို့ပစ်ခဲ့တယ်၊ အဲဒီတုန်းက မြန်မာနိုင်ငံရဲ့ အငယ်ဆုံး တိပိဋက ဆရာတော် ဦးသုမင်္ဂလကိုတောင်မှ ပူတာအို အကျဉ်းထောင် အထိကို ပို့ခဲ့ပါတယ်၊ အဲဒီတုန်းက ဗိုလ်စောမောင် ကိုယ်တိုင်လိုက်ပြီးတော့ ၀တ္တုပစ္စည်းတွေ ဆက်ကပ်ပြီးတော့ လိုက်လံတောင်းပန်ပြီး ပြောပါတယ်၊ ဒီဆရာတော်တွေ ဆိုလို့ရှိရင် ပညာသတိ နှစ်ဖြာညှိပါ ဆိုပြီးတော့ ဗိုလ်စောမောင်တို့ကို ပြန်ပြီးတော့ ဆုံးမခဲ့ဖူးတယ်၊ မင်းကျောင်း ဆရာတော်တို့လို ဆရာတော်တွေကတော့ ဒီစစ်အစိုးရဖက်ကပဲ ရပ်ပြီးတော့ ပြောခဲ့တာပေါ့၊ အဲဒီကျတော့ စစ်အာဏာရှင် တည်မြဲရေးအတွက် ဒီသံဃာကို ဂိုဏ်းခွဲပြီးတော့ အသုံးချခဲ့တဲ့ ဖြစ်ရပ်ဆိုးမျိုးတွေ သမိုင်းမှာ ကြုံခဲ့ရပါတယ်၊ ဒါဟာ (၁၉၉၀) မှာ ဖြစ်ခဲ့တဲ့ ကိစ္စပါ၊ ဒီ တကြိမ်မှာ ဒီ စစ်အစိုးရ အနေနဲ့က နည်းပေါင်းစုံ သုံးပြီးတော့ ဖြိုခွဲလာနိုင်ပါတယ်၊ ဒီ ဆရာတော်ကြီးတွေကို လိုက်လံပြီးတော့ လှူဖွယ် ပစ္စည်းတွေဆက်ကပ် ဘွဲ့ထူးဂုဏ်ထူးတွေကို တပ်ပြီးတော့ နေတဲ့အချိန်မှာလဲ အခြား သံဃာတော်ငယ်တွေကို ထောင်နဲ့ချီပြီးတော့ ဖမ်းဆီးနိုင်တဲ့အတွက် ကျနော်တို့ဟာ ထေရ၀ါဒဗုဒ္ဓ ပီပီ ဘာသာနဲ့ သာသနာကို ကျနော်တို့ ၀ိုင်းဝန်းကာကွယ်ရမှာ ဖြစ်တယ်၊ ကျနော်တို့ (၈၈) မျိုးဆက် ကျောင်းသားတွေဟာ (၁၇) ရက်နေ့ သံဃာတော်တွေ စတင်ပြီးတော့ ကံဆောင်တဲ့နေ့မှာပဲ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ကျနော်တို့ ပြည်သူပြည်သား တွေကို တိုက်တွန်းချင်ပါတယ်၊ ဆရာတော်တွေရဲ့ ဆွမ်း။ ကွမ်း။ ဆေးက အစ လိုအပ်မှု မရှိစေရအောင် လှူဒါန်းမှုတွေ ပိုပြီးတော့ ပြုလုပ်ပေးစေချင်ပါတယ်၊ ဘုန်းကြီးကျောင်းတွေမှာ ရဟန်းသံဃာတွေကို အကြမ်းဖက်တဲ့ ဖြစ်ရပ်ဆိုးတွေ မကြုံတွေ့ရအောင်လဲ ၀ိုင်းဝန်းပြီတော့ ကာကွယ်ပေးစေချင်ပါတယ်၊ ကျနော်တို့ကလဲ သံဃာတွေနဲ့ အတူ ၀ိုင်းဝန်းပြီတော့ ကာကွယ်ပေးမှာ ဖြစ်သလို။ ယနေ့ လက်ရှိ ကျောင်းတက်နေကြတဲ့ ကျောင်းသူကျောင်းသားများကလဲ မြန်မာနိုင်ငံရဲ့ ဘာသာနဲ့ သာသနာ အတွက် ၀ိုင်းဝန်း ကာကွယ်ပေးကြပါ၊ မြန်မာနိုင်ငံအတွက် (၁၈) ရက်နေ့ကနေ စပြီးတော့ နိုင်ငံမှာ ပြည်သူတွေ ခံစားနေရတဲ့ အကြပ်အတည်းတွေကနေ လွတ်မြောက်အောင် ဆနဖြော်ထုတ်ဖို့ ဆိုတဲ့ ကျနော်တို့ (၈၈) မျိုးဆက် ကျောင်းသားတွေနဲ့ အတူ ၀ိုင်းဝန်းပြီးတော့ လုပ်ဆောင်ပေးကြပါ၊ ဘာသာနဲ့ သာသနာ ထေရ၀ါဒ ဗုဒ္ဓသာသနာရဲ့ ဂုဏ်သိက္ခာကိုလဲ ၀ိုင်းဝန်းကာကွယ်ပေးကြပါလို့ ကျနော်တို့ ဒီနေရာကနေပြီးတော့ ပြောချင်ပါတယ်၊”
ကိုဌေးကြွယ်
(၈၈) မျိုးဆက် မြေလျှိုးကျောင်းသားခေါင်းဆောင်
Rest of your post
Sunday, September 16, 2007
သံဃာ့တပ်ပေါင်းစုမှ ပတ္တနိက္ကုဇ္ဇန ကံဆောင်ရန် စက်တင်ဘာ (၁၇) ရက်နေ့ သတ်မှတ်ထားသည်နှင့် ပတ်သက်၍ ကိုဌေးကြွယ်၏ တိုက်တွန်းတင်ပြချက်
Posted by
ဖိုးညို
at
9:44 AM
Labels: သမိုင်းရက်စွဲများ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment