စက်တင်ဘာလ ၂၀ ရက် ၂၀၀၇
နေ့လည် ၂း၁၅
ရဟန်း၃၀၀ခန့်က မိုးကောင်းကျောင်း ကနေ မိုးကောင်းဘုရားလမ်းအတိုင်း ထွက်လာပြီး တာမွေကိုရောက်နေပြီ။ ရွှေဂုံတိုင်မှ ရဟန်း ၃၀၀ခန့်ကို ကိုးထပ်ကြီးကိုဖြတ်ြ ပီး ကြည့်မြင်တိုင်အထပ်လ မ်းအတိုင်း အလုံဘက်ကိုထွက်သွား သည်။
ရွှေတိဂုံဘုရားပေါ်တွင် ကြံ့ဖွံ့များ၊ စွမ်းအားရှင်များ၊ အရပ်ဝတ်ရဲများဖြင့် လုံခြုံရေးတင်းကြပ်စွာချထား သော်လည်း ဗဟန်းအတွင်းရှိ ရဟန်း ၅၀၀ခန့်. တောင်းဆိုမှုကြောင့် တံခါးများဖွင့်ပေး လိုက်ရပြီး ၄င်းရဟန်းများသည် ဘုရားပေါ်သို့ အရှေ့ဘက်မုဒ်မှတဆင့်တက် လာပြီး ပရိတ်ရွတ်ဆုတောင်းကာ တောင်ဘက်မုဒ်မှ ပြန်ဆင်းသွားသည်။ နောက်မှပါ ကြည့်ရှု သူ ကျောင်းသားနှင့် ပြည်သူလူထု ၁၀၀ကျော်ကျော်ရှိသည်။
သင်္ကန်းကျွန်း တိုးကြောင်လေး ဘူတာမှ ရထားတွဲအဖြုတ်ခံရသော ရဟန်းများဘယ်ရောက်နေသည်ကို ဆက်လက်စုံစမ်း လို့မရပါ။ ရဟန်းများ ချီတက်ဆန္ဒပြရာ လမ်းတလျှောက် အနောက်မှ လိုက်ပါစောင့်ရှောက်သော ကျောင်းသားကျောင်း သူများမှာ အတော်များပြား ပါသည်။ ဆုံဆည်းရာ
Thursday, September 20, 2007
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment