Thursday, September 20, 2007

ရန်ကုန် တောင်ဒဂုံက သံဃာတို့ ဆန္ဒပြ

၂း၁၅ PM
ရန်ကုန် ဆန္ဒပြ သံဃာတော်များ သမတ ရုပ်ရှင်ရုံ အနီးသို့ ရောက်လာပြီ ဖြစ်သည်။

၂း၁၀ PM
ရန်ကုန်မြို့တွင် ဆန္ဒပြနေသော သံဃာတော် ၅ဝဝ ခန့် ဗဟန်းအဝိုင်းနှင့် တိရစ္ဆာန်ရုံ ကြားသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ရှေ့ဆုံးနှင့် နောက်ဆုံးတွင် သာသနာ့ အလံ ၃ လက်စီ ကိုင်ဆောင်လာသော သံဃာ တပ်ကြီးနောက် လူ ၂ဝဝဝ ကျော် လိုက်ပါလာသည်။

စက်တင်ဘာလ ၂၀ ရက် ၂၀၀၇
၁း၃၀ PM

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် မြင်းခြံ ဘုန်းကြီးကျောင်းတိုက်တွင် ယနေ့ နံနက် ၅ နာရီခွဲမှ သံဃာတော် ၂၅ဝ ခန့်က မေတ္တာသုတ်များ ရွတ်ဆို၍ မြို့တွင်း ဆန္ဒပြ လမ်းလျှောက်ခဲ့ကြသည်။
သပိတ်များမှောက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်ပြီး ပြည်သူလူထု အများအပြားက ငွေဝတ္တုများ လှုဒါန်း လိုသောကြောင့် မေတ္တာရပ်ခံ၍ နောက်ပိုင်းမှ လိုက်ပါလာသော သံဃာများ၏ သပိတ်တွင်း ထဲ့လှူခွင့်ပြုခဲ့ရသည်ဟု သိရသည်။
အာဏာပိုင်များ ကိုးကွယ်သည့် ကျောင်းဟု နာမည်ကျော်သည့် မြင်းခြံ ကျောင်းတိုက်၏ ကျောင်းထိုင် ဆရာတော်ကြီးမှာ မြင်းခြံသို့ သွားနေသည်။ မဇ္ဈိမ

0 comments: