စက်တင်ဘာလ ၂၀ ရက် ၂၀၀၇
4:44 PM
ရန်ကုန်မှာ (၂) ရက်ဆက်တိုက်ဖြစ်ခဲ့တဲ့ သံဃာတော်များ ကြွချီဆန္ဒပြတာကို စစ်အစိုးရက ဒီနေ့က တတိယနေ့ အထိသာ နောက်ဆုံးထားစောင့်ကြည့်မယ်လို့ ရန်ကုန်တိုင်း စစ်ဌာနချုပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ရန်ကုန်မြို့လုံခြုံရေးကို တာဝန်ယူထားတဲ့ တပ်မ (၇၇)က အဆင့်မြင့် စစ်အရာရှိများကိုယ်တိုင် ရွှေတိဂုံစေတီတော်ခြေရင်း သွေးဆေးကန်အနီးက ဓမ္ပာရုံတခုမှာ ဌာနချုပ်ဖွင့်ပြီး သံဃာတော်များ ကြွချီဆန္ဒပြတာကို ထိန်းချုပ်တားဆီးဖို့အတွက် အနီးကပ်ကွပ်ကဲ ပြင်ဆင်နေတာ တွေ့ရတယ်လို့ ဗဟန်း (၃) လမ်းမှာ နေထိုင်တဲ့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။ DVB
3:10 PM
ရွှေတိဂုံဘုရားသို့ ချီတက်သွားသော သံဃာတော်များမှာ ဘုရားမုဉ်ဦး တံခါးများ ပိတ်ထား၍ ပြန်လှည့် သွားကြသည်။
2:50 PM
“နှစ်ဖွဲ့က မပူးပေါင်းမိသေးဘူး။ ဒါပေမယ့် ရွှေတိဂုံဘုရားက ထွက်လာတဲ့ အခါမှာ အခုတော့ လမ်းကနေပြီး သံဃာတချို့ ထပ်ပူးပေါင်း လာတယ်။ အင်အား ၁ ထောင်လောက် ဖြစ်သွားတယ်။ ပြည်သူလူထု အင်အားက ၅ထောင် နီးပါး ရှိနေပြီ။ နောက်ပြီး ဘေးကနေ လက်ချင်း ချိတ်ထားပြီး ဘေးမှာ လူတွေ မဝင်လာနိုင်အောင် အခုတော့ ကန်းနားလမ်းကို ရောက်နေပြီ။ ဗိုလ်တထောင် ဘုရားဘက်ကို ဦးတည်မယ်လို့ ယူဆရတယ်။” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။ ထောက်လှန်းရေးများ၊ အက်စ်ဘီရဲများ လိုက်လံ စောင့်ကြည့်နေသည်။
2:45 PM
ရန်ကုန်တွင် မိုးကလည်း ရွာသွန်းနေသည်။ သို့သော် သံဃာတော်များ၏ ရှေ့ဆောင်မှုနှင့် ဝမ်းသာအားရ ရှိလှသော လိုက်ပါလာသူ အချို့က လက်ခုတ်တီး အားပေးနေကြသည်။
2:40 PM
လူငယ်များက လက်ချင်းချိတ်ပြီး သံဃာတော်များကို ဘေးနှစ်ဖက်မှ အကာအကွယ် ပေးထားသည်။
“လူထောင်ပေါင်း မြောက်များစွာ လိုက်နေပြီ” ဟု မျက်မြင်တဦးက ပြောသည်။
2:25 PM
ဗဟန်းမြို့နယ် ရေတာရှည် လမ်းထဲသို့ ဆန္ဒပြ သံဃာ ၅ဝဝ ခန့် ဝင်ရောက်လာပြီ ဖြစ်သည်။ သံဃာတော်များက အဖွဲ့ ၂ ဖွဲ့ခွဲ ဆန္ဒပြနေခြင်း ဖြစ်သည်။ မဇ္ဈိမ

0 comments:
Post a Comment