Thursday, September 20, 2007

မကွေးတိုင်း မုံရွာတွင် သံဃာတော်များ သပိတ်မှောက်ကံဆောင်

4:05 PM

မုံရွာမြို့မှ သံဃာတော်များမှ သပိတ်မှောက်ကံဆောင်ခြင်း ကို မွန်းလွဲ ၁ နာရီခန့်မှ၍ ဆုတောင်းပြည့်ဘုရားတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ မုံရွာမြို့ ဇောတိယကျောင်းတိုက်မှ ဦးဆောင်ပြီး သပိတ်မှောက်ကံဆောင်ပွဲ ပြုလုပ်ခဲ့တာဖြစ်ပြီး သံဃာတော် အပါး ၁၀၀၀ ကျော်ဟု သိရှိရသည်။ ဆုတောင်းပြည့်ဘုရား မှ နေပြီး ရွှေဆည်းခုံ စေတီ အထိ သပိတ်မှောက်ကံဆောင် လမ်းလျှောက်မှုကို ပြုလုပ်နေပြီး ဆက်လက်၍ ဘူတာရုံလမ်းကနေပြီး ကျောက်ကာ လမ်းအထိ ဆက်လက် လမ်းလျှောက်နေကြောင်း သိရသည်။
ဆုံဆည်းရာ

0 comments: