(က)
ဘုရားတပါး၊
ဘိန်စားတယောက်နှုန်း၊
ဘာသာရေးအားအတောင့်ဆုံးကြမ်းမှာကျွံသွားရ၊
နွံနစ်ကျ ဝဋ်ကျွေးများနဲ့၊
မူးယစ်ဆေးဝါးရဲ့ ဥပဒေ ဆိုတာလည်း၊
တို့ လူသားတွေမှာ မရှိဘူး၊
ဝယ် ဝယ် သုံးစွဲဖူးတဲ့ ဆေးဘိန်းဖြူဘဝဟာ၊
အတုကြီးပဲ လာ ဖြစ်နေရင်လည်း၊
တရားပြန်ကာ စွဲလို့မှ မရပဲ၊
ဘုရားသခင်ကိုပဲ အော်ဟစ်ဆူပူကာ ဆဲဆိုကြ၊
ဘိန်းစွဲကြတဲ့လူသားရဲ့ ဖြစ်တည်မှုဆိုတာ၊
မှန်ခြင်းများရဲ့ ဆက်မေ့စကားလား၊
မှားခြင်းများရဲ့ လက်တွေ့အားလား၊
တရားအစစ်များက သတ္တိမဲ့ကာ လှစ်လျှူရှုထား၊
မကွဲပြားတော့တဲ့ လူသားအတွက်၊
အထက် နိဗ္ဗာန်ဘုံထဲမှာလည်း
စိတ်အမှန်အတွေးရဲ့ ဓမ္မရိက္ခာမြတ်မျိုး ပျက်စီးကာ၊
ပူပွက်ခေါင်ခိုက် ရမ်းကားလျှက်ရှိနေတဲ့၊
ကမ္ဘာအပြည့်တဝန်းလုံး၊
လမ်းဆုံးတာနဲ့ ဒုက္ခများက အဖွဲ့လိုက် ပေါက်ဖွားရင်း၊
များများလာလာပြီးလမ်းစပေါ်လာ၊
တပုံတပင်သော ဒုက္ခများနဲ့သစ်နှစ်ရှည်ပင်လည်း၊
လေထဲတွင်တိုးတိုက် ထောင်မတ်နေကာ၊
ကြီးထွားရင်း ပွင့်ခဲ့ပါသည်
ရင့်ကျက်လာသော အသွေးအကွက်နဲ့၊
အခေါက်များ၏ အရေပြား မျက်နှာပြင်ပေါ်မှ
အရောင်များ အဆင်းများ၊ တိုက်ပဲ့အစွန်းများ၊
ရင်ခွင်ခြင်း ချိတ်ဆက်ပူးထားသော၊ အကိုင်းအခက်များ၊
လေထဲလွင့်ဝဲနေတဲ့၊ သစ်ရွက်ဝေ့မြောက်ကခုန်သွားတဲ့၊
လေလွင့် သဘောတွေ့သွားသော၊
စိတ်ရဲ့ အတွင်းဆန္ဒများရဲ့ လွပ်လပ်စိတ်ကူးများနဲ့၊
ပုံဆောင်သွန်းဆစ် ငြိမ်းချမ်းနေသော
စိတ်ဈာန်လှိုင်းကွန့်စားချက်၊
အနုပညာရဲ့ ရင်ခွင်ထက် ရှိုက်မက်သွေးသားများ၊
စုန်ဆန်ကူးခပ်စီးဆင်းလျှက်ဆိုတေးဟစ်ကျွေး၊
သံစဉ်လေးများ
ဝေဟင်နန်းထက်တွင် ကူးစိမ့်ပျော်ဝင်ပူးဆက်၊
ပြန့်ထွက်သွားတဲ့ ကျင့်စဉ်တရားရဲ့ ဒသနဟာ
ဗလာလေပြင်လား
(ခ)
တရားစကား၊
စိမ်းကားပျောက်ဆုံး၊
ဘာသာရေးများနောက်ဆုံးလမ်းဟာလွန်သွားရ၊၊
ကျွန်အဖြစ်မှ လွတ်ဘေးတရားနဲ့၊
ထူးသစ်ရေးသားတဲ့ ဥပဒေကိုဘာလဲလို့၊
လူသားတွေဟာ မသိဘူး၊
ငယ် ငယ် တုန်း အမြဲ ရူးခဲ့ အေး ငြိမ်းလူဘဝဟာ၊
သူ့ချည်းပဲသာ ပွင့်ဝေအစဉ်အမြဲ၊
အမှားဒဏ်ရာ နည်းလို့က ရမြဲ၊
အများအမြင်ကိုပဲ အပေါ်လွှင့်ထူသူဟာ လဲပြိုရ၊
တိမ်းလွဲရတဲ့သူများရဲ့အဖြစ် အတည်ပြုလိုတာ၊
ပြန်စဉ်းစားတဲ့ အချက်တွေ့သွားလား၊
အမှားအယွင်းများတဲ့ ဘက်ကွေ့သွားလား၊
အမှားအပစ်များက ရရှိခဲ့တာ ဖြစ်တည်မှုလား၊
မခွဲခြားတော့တဲ့ မူများနဲ့၊
တကယ့်တိရိစ္ဆာန်ရုံငရဲမှာလည်း
အတိတ်ကံအကြွေးနဲ့ အဓမ္မမိစ္ဆာဇတ်ဆိုးရဲ့မီးဟာ၊
ဆူပွက်လောင်မြိုက် ကျွမ်းသွားခဲ့သည့် မြေထက်၊၊
ပြာအတိလွှမ်းဖုံး၊
လမ်းဆုံးလာတဲ့ ဒုက္ခများကို ဆက်တိုက် ကောက်စားရင်း
သွားသွားလာလာခရီးလမ်းမပေါ်မှာ၊
စုံလင်သော ရုပ်ဒြပ်သားရဲ့အဖြစ် အမြစ်မြေတွင်စွဲ၊
မြေထဲတွင် ထိုးစိုက်ထောင်ရပ်နေကာ၊
ကြီးထွားရင်း ပွင့်ခဲ့ပါပြီ
အဆင့်တက်လာသော အနှေးအသွက်နဲ့
ရောက်သွားသည့် မြေသား မျက်နှာပြင်ပေါ်မှ
တောင်များ တွင်းများ ချိုင့်ခွက်ဝန်းများ၊
လွင်ပြင်အဆင်း အနိမ့်ဘက် ကူးသွားသော လှိုင်းအဆက်များ
မြေထဲနစ်စွဲနေတဲ့ အဆင့်အတက် ကွေ့ကောက်ကြပုံများရဲ့၊
ပြေပြစ်ချောမွေ့သွားသော
အရိပ်နဲ့အဆင်း၊ ပြန်ထပ်ထားလျှက် ပွတ်ကပ်ချိတ်ပူးထားတဲ့၊
ဂုဏ်ရောင်ထွန်းသစ် စိမ်းလန်းနေသော၊
အရိပ်သဏ္ဍာန်လှိုင်းတွန့်များရဲ့
အစု၊ မြင်သာတဲ့ လွင်ပြင်နဲ့ လိုက်ဖက်ရေးများအား၊
ပုံမှန်ပူးထပ်ပြီးလင်းလက်စိုသွေးပျစ်နွေး၊
ဟန်သွင်လေးများ
မြေပြင်လမ်းထက်တွင်၊ လူးလိမ့်ပျော်ရွှင်မြူးလျှက်၊
ဆန့်ထွက်ထားတဲ့ ဖြစ်စဉ်များရဲ့၊ အလှအပဟာ၊
ကမ္ဘာမြေပြင်လား
သုအိုင်စံ
၀၃-၀၉-၂၀၁၃
Wednesday, January 1, 2014
လေတိုက်လွင့်တိုင်း ထွက်ပြေးနေတဲ့ မြေစိုက်သစ်ရိုင်းပင်ရဲ့ အတွေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment