Monday, December 16, 2013

လေသားပေါ်က မှဲ့

စားပွဲခုံပေါ်က ဘီယာခွက်ကို တွေ့ရှိတွေးမြင် ဖန်ဆင်းတင်ပြ နိုင်ရုံ
ဘီယာခွက်အောက်က စားပွဲခုံကို တွေ့ရှိတွေးမြင် ဖန်ဆင်းတင်ပြ နိုင်ရုံ လောက်နဲ့
ပြောင်မြောက်တဲ့ ဒသနကဗျာ မရေးနိုင်ဘူး
ဘယ်ဒြပ်ထုက ဘယ်ဆွဲအားကို ပစ်ချနင်းခု ရှင်သန်မှု ပြုထားလဲ
ဘယ်ပယောဂဆိုးက ဘယ်အလှအပမျိုးကို ထောက်ကူ ပံ့ပိုးထားလဲ
အဲဒီ သီခြားစီရဲ့ မှီရာတည်ရာတည်ရာမှီရာကျောရိုးဗေဒဟာ ဘာလဲ
အဲဒီ ယှက်နွယ်ဖက်နမ်းဆောင့်ကန်အမှီသဟဲဒသနက ဘယ်နှစက္ကန့် ခံလဲ
အရာရာကို တစ်လွှာစီနွှာဆုတ်၊ အကြောင်းကြောင်းကို တစ်စစီဆွဲဖြုတ်
ဗဟိုအဓိပ္ပါယ်ရဲ့ အသဲနှလုံးကို လှီးထုတ်၊ တွေ့ရှိတွေးမြင်နိုင်၊ ဖန်းဆင်းတင်ပြ နိုင်ခဲ့ရင်
အဲဒီ ပင်လယ်ကို ကန္တာရထဲ သွန်လိုက်ပါ
ခြောက်ခမ်းသွားတဲ့အခါ
အတွေးအား အခရာ သွေးသားဗလာနဲ့ အပြောင်မြောက်ဆုံး ဒသနကဗျာပဲ
အမှောင်ထဲမှာတောင် တစ်ကောင်တည်း ပို မဲညစ် နေမယ် ပို ရဲရင့် နေတယ်
မဟူရာရဲ့သိက္ခာ ဆိုတာ လူတကာအတွက် ရိက္ခာ မဟုတ်ပါ
လေထဲမှာ ကြိုးမဲ့ပုခက်ဟာ လွှဲ လွင့် ယိမ်း ညွတ် လျှက်
တစ်ဖက်မှာလည်း အတိတ် မရှိခဲ့၊ တစ်ဖက်မှာလည်း အနာဂတ် မဲ့တယ်
ဗလာသက်သက်ပစ္စုပ္ပန်ဟာ နံရံမဲ့ပုခက်ထဲမှာ ရှင်သန်ကြီးပြင်း
လောကသုံးအလင်းထဲမှာ သူ မရှိနိုင်ဘူး လောကမုန်းအမှောင်ထဲကို မင်း မမြင်နိုင်ဘူး
စောက်ရူးဟာ လူတိုင်း ဖြစ်နိုင်တာပေါ့ကွာ...။   ။
 
သုအိုင်စံ
၀၉-၁၂-၂၀၁၃

0 comments: